Sunday, 25 November 2012
အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုပြဿနာများကို နောက်ဆုံးအဆင့်
အဖြစ် ဖြေရှင်းပေးသည့် ခုံသမာဓိကော
င်စီ၏ ဆုံးဖြတ်ချက်အပေါ် အလုပ်
သမားများဘက်မှ မကျေနပ်မှုများရှိနေသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက သုံးသပ်ပြောကြားသည်။
“ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်က တစ်ဘက်သတ်ဆန်တာကို ADK အထည်ချုပ်စက်ရုံနဲ့ မန္တလေး Grand Royal အငြင်းပွားမှုကိစ္စတွေမှာ မြင်နိုင်
ပါတယ်။ ခုံသမာဓိကောင်စီမှာ ရွေးချယ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်
ရဲ့ အရည်အသွေး မပြည့်သေးပါဘူး။ ဥပဒေအပေါ် နားလည်မှုပုံစံတွေလည်း တစ်မျိုးဖြစ်နေပါတယ်” ဟု အလုပ်သမားရေး ကိစ္စရပ်များ ကူညီဆောင်ရွက်
ပေးနေသည့် Labour Rights Clinic မှ ကိုချစ်ဦးမောင်က ပြောကြားခဲ့သည်။
ခုံသမာဓိကောင်စီသည် အစိုးရသစ်လက်ထက် အလုပ်သမားအငြင်းပွားမှု
ဖြေရှင်းရေးဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး တိုင်းအဆင့်နှင့်
ပြည်ထောင်စုအဆင့်ဟူ၍ နှစ်မျိုးရှိသည်။
အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ဖြေရှင်းရေး
အဖွဲ့များ၏ ဖြေရှင်းမှုကို ကျေနပ်မှုမရှိပါက တိုင်းအဆင့် ခုံသမာဓိအဖွဲ့ထံတွင် ကြားနာရပြီး ထိုအဖွဲ့၏ ဖြေရှင်းပေးမှုကို မကျေနပ်ပါက ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီအထိ တက်ရောက်ကာ ကြားနာရသည်ဟု သိရသည်။
“အလုပ်သမားကိုယ်စားလှယ်က အရည်အသွေး မပြည့်သေးတာကို အခွင့်ကောင်းယူပြီး လတ်တလော ပြဿနာတွေအပေါ်မှာ ခုံသမာဓိ
ကောင်စီက ဆုံးဖြတ်တဲ့အတွက် မကျေနပ်နိုင်ဘူး၊။ ဆုံးဖြတ်ပေမယ့်လည်း
ပြဿနာက မပြေလည်ဘူး ဖြစ်နေတာ” ဟု ၎င်းက ဆက်လက်ပြောကြား
ခဲ့သည်။
ခုံသမာဓိကောင်စီတွင် အလုပ်ရှင်၊ အလုပ်သမား အချိုးအစားညီမျှစွာ ပါဝင်သော်လည်း ပြောရေးဆိုခွင့်တွင် အစိုးရနှင့် အလုပ်ရှင်ကိုယ်စားလှယ်
များမှ အားသာမှုရှိသည်ဟု အလုပ်သမားရေးရာ ကိစ္စများ ကူညီဆောင်
ရွက်ပေးသူတစ်ဦးကလည်း သုံးသပ်ပြောကြားသည်။ ထိုသို့ မကျေနပ်မှုအချို့ ရှိနေသော်လည်း ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီမှ ဆုံးဖြတ်ချက်ကို အားလုံးလိုက်နာကြရသည်ဟု သိရသည်။
“အလုပ်သမားတွေက ခုံသမာဓိအဖွဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာရှိရင် ဆန္ဒပြဖို့နဲ့ ခုံသမာဓိကောင်စီကို တက်ဖို့ဆိုပြီး ရွေးချယ်စရာနှစ်မျိုးရှိတယ်။ ခုံသမာဓိကောင်စီက ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အားလုံးက လိုက်နာကြရတယ်” ဟု တိုင်ရီ အလုပ်သမားသမဂ္ဂမှ မမိုးဝေက ပြောသည်။
ပြည်ထောင်စုအဆင့်ရှိ ခုံသမာဓိကောင်စီကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အမှုပေါင်းကိုးမှုကို
ဖြေရှင်းပေးပြီးဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ကို ချမှတ်ရာတွင် လူမှုရေးတရားမျှတမှု၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်နှင့် သာတူညီမျှဖြစ်ရေး သဘော
တရားများအပေါ် အခြေခံကာ သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှုမရှိသော အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည်။
eleven media group

0 comments:
Post a Comment