Pages

Monday, November 19, 2012

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ


Monday, 19 November 2012

၁၈-၁၁-၂ဝ၁၂ ရက်နေ့ ၁၁၄၅ အချိန် မွန်ပြည်နယ်၊ သထုံခရိုင်
ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သထုံမြို့နယ်၊

ပေါ်တော်မူကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်များအား
စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ဘားအံမှ ဘီးလင်းသို့ ခင်ဇော်လတ်(၄ဝ)နှစ်
မောင်းနှင်လာသည့် ၃ဂ/×××× မတ်တူး အပြာရောင်ယာဉ်အား စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ၁၃ဝဝ အချိန် သထုံရဲစခန်း (ပ)၁၄၄/၂ဝ၁၂၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်အရေးယူခဲ့သည်။

ထို့ပြင် ၁၃၃ဝ အချိန်တွင်လည်း မော်လမြိုင်မြို့၊ ဈေးချိုရပ်ကွက်နေ
နေဇာ(၃၄)နှစ် မောင်းနှင်လာသည့် ၆၈/×××× နီဆန်းဝယ်ဂွန်
အဖြူရောင် ယာဉ်အား စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒိုင်းဝန်ကွင်းရဲစခန်း (ပ)၁၁၄/၂ဝ၁၂၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်အရေးယူခဲ့သဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ၁၂-၁ဝ-၂ဝ၁၂ ရက်နေ့မှ ၁၈-၁၁-၂ဝ၁၂ ရက်နေ့အထိ စုစုပေါင်း လိုင်စင်မဲ့ယာဉ်ပေါင်း (၅၁)စီး သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Police Force

0 comments:

Post a Comment