Pages

Monday, November 19, 2012

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်မှ ပညာရေးဆိုင်ရာ ကူညီမှုများ ကိုလည်း လစဉ်ပြုလုပ် ပေးသွားရန်ရှိ



Monday, 19 November 2012

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက် ကနေ ပြည်တွင်းရှိ လူမှုရေး လုပ်ငန်းများ၊ ပညာရေး ကဏ္ဍများမှာ ကူညီ ထောက်ပံ့မှုတွေ ပေးလျက် ရှိရာ ပညာရေးဆိုင်ရာ ကူညီမှုများ အဖြစ် စာသင်ခုံများ ကိုလည်း ထောက်ပံ့ ကူညီသွားဖို့ ရှိတယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ စာနယ
်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ ဒီလို လစဉ်ထောက်ပံ့ ကူညီမှုကို ရွှေပြည်သာ မြို့နယ် အတွင်းရှိ အစိုးရ အခြေခံပညာ ကျောင်းတွေကို ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။

အခုလို လူမှုရေး လုပ်ငန်း ကူညီမှု တွေမှာ လက်ရှိ ပြုလုပ်ဖို့ စီစဉ် ထားတဲ့ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကိုလည်း ဒီဇင်ဘာလ ၇ ရက်နေ့၊ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့တို့မှာ မန္တလေး၊ တောင်ကြီး၊ မိတ်္ထီလာ မြို့တွေမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့နဲ့ ၁၃ ရက်နေ့ တို့မှာလည်း တောင်ငူနဲ့ ပဲခူးမြို့တို့မှာ ထပ်မံပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဂီတပွဲ တွေမှာ The Threes, Lazy Club တေးဂီတ ၀ိုင်းတွေနဲ့ အတူ ရင်ဂို၊ ဘိုဖြူ၊ လှိုင်ဦးမော်၊ ဟဲလေး၊
ဂျီလတ်၊ L ဆိုင်းဇီ၊ မေသက်ထားဆွေ၊ ခင်ပြည့်စုံသွေးနဲ့ မေမြတ်နိုး တို့မှ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲမှာ လူမှု ကူညီရေး အသင်း အဖွဲ့တွေ ဖြစ်တဲ့ မဟာအောင်မြေ မန္တလေး၊ မေတ္တာရှင် တောင်ကြီး၊ ရန်အောင်မြင် မိတီ်္ထလာ၊ ကလျာဏ မိတ္တ ပဲခူး နဲ့ မေတ္တာနှင့် စေတနာ
တောင်ငူ တို့မှ သက်ဆိုင်ရာ ဒေသတွေ အလိုက် ရန်ပုံငွေ ကောက်ခံ ဖို့တွေကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4

0 comments:

Post a Comment