Pages

Sunday, November 18, 2012

ညောင်ပင်ဈေးမပြောင်းရွှေ့ရေးအတွက် မိုးညှင်းအာဏာပိုင် များနှင့်ညှိနှိုင်းမည်


Sunday, 18 November 2012

မိုးညှင်းညောင်ပင်ဈေးပြောင်းရွှေ့ခိုင်းခြင်းနှင့်ပတ်သက်၍ ဈေးသူဈေးသားများအား မြို့နယ်အုပ်ချုပ် ရေးမှုးနှင့်မြို့နယ်စည်ပင်တို့မှ လာရောက် ညှိနှိုင်းသဖြင့် ယနေ့ နိုဝင်ဘာလ(၁၈)ရက် ဈေးမပြောင်း ရွှေ့ရေး ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။

နိုဝင်ဘာလ(၁၈)ရက်နေ့နံနက်(၉)နာရီအချိန်တွင် ညောင်ပင် ဈေးသူဈေးသားများမှ ဆန္ဒထုတ်ဖော်ရန် လူဦးရေ(၃၀၀)၀န်းကျင် စုဝေးပြီးနေချိန်၌ လာမည့် နိုဝင်ဘာ (၃၀)ရက်နေ့တွင် ဈေးသူဈေးသားများ နှင့် မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးအပါအ၀င် မြို့မိမြို့ဖ များနှင့် တွေ့ဆုံရန် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်စည်ပင်မှ တာဝန်ရှိသူများက လာရောက်ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“ဈေးသူဈေးသားတွေနဲ့ အဆင်ပြေအောင်တော့ ညှိပေးရမှာပါ၊ အဆင်ပြေတယ်၊ မပြေဘူး ဆိုတာတော့ သူတို့တောင်းဆိုတဲ့အပေါ်မှာပဲ မူတည်မှာပါ”ဟု မြို့နယ်စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

အဆိုပါ မြို့နယ်တွင်းဖြစ်ပွားခဲ့သည့် လူစုလူဝေးကြောင့် မြို့နယ်
စည်ပင်ဦးစီးမှူးမှ ညောင်ပင်ဈေးသူ ဈေးသားများနှင့် ညှိနှိုင်းမှုပြုလုပ်ရန် လာရောက်ခြင်းဖြစ်သည်။

“ အခုလ (၃၀)ရက်နေ့မှာ ကျွန်မတို့ ဈေးသူဈေးသားတွေနဲ့ ညှိနှိုင်းမယ်၊ ညှိနှိုင်းလို့မှ မရရင် (၁)ရက် နေ့မှ ဆန္ဒထုတ်ဖော်ပါလို့ သူတို့က
ပြောတယ်”ဟု ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်မည့် ဈေးသည်
ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။

ဈေးသူဈေးသားများအနေဖြင့် နိုဝင်ဘာ(၃၀)ရက်ညှိနှိုင်းမှုအား သဘောတူကြောင်းနှင့် ညှိနှိုင်းမှု အဆင်မပြေပါက အောက်တိုဘာ
(၁)ရက်နေ့၌ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကြောင်းကိုလည်း သိရသည်။

ယခုလက်ရှိ ညောင်ပင်ဈေးမှာ ဈေးဆိုင်အခန်းပေါင်း(၂၅၀)၀န်းကျင်ရှိပြီး လက်ရှိဈေးဟောင်းတွင် အရောင်းအ၀ယ်ကောင်းမွန်နေ သဖြင့်
ဈေးနေရာသစ်သို့ ဈေးသူဈေးသားများက မပြောင်းရွှေ့လိုခြင်း လည်းဖြစ်သည်။

စည်ပင်မှပြောင်းခိုင်းသောဈေးနေရာသစ်မှာ မြေနေရာသာ ပေး၍
ဈေးဆိုင်ခန်းများကို မိမိတို့ အစီအစဉ်ဖြင့် ဆောက်လုပ်ရမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

ထိုပြောင်းရွှေ့မှုနှင့်ပတ်သက်၍ နိုဝင်ဘာ(၉)ရက်နေ့က မြိုနယ်မှ တာဝန်ရှိသူများက စာကပ်ပြီး (၂၀)ရက်နေ့ ပြောင်းရွေ့ရန် အသိပေးခဲ့ခြင်းဖြစ်၍ နိုဝင်ဘာ(၁၈)တွင် ဆန္ဒထုတ်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုကဲ့သို့ လာရောက်ညှိနှိုင်းမှုကြောင့် လကုန်ပိုင်းအထိ ဈေးသူဈေးသားများမှာ ဈေးဟောင်း၌ ဆက်လက်ဈေး ရောင်းချခွင့်ရရှိမည် ဖြစ်သည်။

အဆိုပါ ညောင်ပင်ဈေးပြောင်းရွေ့ခိုင်းမှုတွင် ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာသို့ စာတင်ခဲ့ သော်လည်း ခွင့်ပြုမိန့် မရခဲ့ကြောင်းကိုလည်း သိရှိရသည်။

“ခုတော့ လူစုလူဝေးတွေ မရှိတော့ပါဘူး၊ နိုဝင်ဘာ(၃၀)ရက်နေ့မှာ
ဈေးသူဈေးသားတွေနဲ့ အဆင် ပြေအောင်တော့ ညှိပေးကြမှာပါ”ဟု မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဘ၀င်းက ၄င်း၏ အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

ငြိမ်းချမ်း(မြစ်မခ)
Myit Makha Mediagroup

0 comments:

Post a Comment