Pages

Wednesday, November 21, 2012

၂၀၀၈ ခုနှစ် မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှု တရားခံအား ကြိုးပေးသုတ်သင်


Wednesday, 21 November 2012

လူပေါင်း (၁၆၆)ဦးကို သေဆုံးစေခဲ့သည့် နာမည်ကျော် မွမ်ဘိုင်း အကြမ်းဖက်မှုကြီးတွင် နောက်ဆုံးကျန်ရှိသော တရားခံအား အိန္ဒိယ နိုင်ငံက ကြိုးပေး သုတ်သင်လိုက်ပြီ ဖြစ်သည်။ အက်ဂ်ျမဲလ် အေမာကာဆက်ဘ်သည် အိန္ဒိယ၏ စီးပွားရေး အချက်အခြာ မြို့တော်ကြီးတွင် ကွန်မန်ဒိုဆန်ဆန် စီးနင်းတိုက်ခိုက်ခဲ့သည့် သေနတ်သမား (၁၀)ဦးအနက် အသက်ရ

ှင် ကျန်ရစ်သည့် တစ်ဦးတည်းသော တရားခံလည်း ဖြစ်သည်။

ကာဆက်ဘ်နှင့် အဖွဲ့သည် ကြယ်ငါးပွင့် ဟိုတယ်နှစ်လုံး၊ မြို့တော်၏ အဓိက ဘူတာရုံ၊ စားသောက်ဆိုင် တစ်ခုနှင့် ဂျူးဘုရားကျောင်း တစ်ခုတို့ကို စီးနင်းပစ်ခတ်ကာ လူအများအား သတ်ဖြတ်ခဲ့သည်။ (၂၀၀၈)ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက ဖြစ်ပွားသော အဆိုပါ ဖြစ်စဉ်သည် (၄)ရက်မျှ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အကြမ်းဖက်သမား အားလုံး သေဆုံးကာ ပါကစ္စတန်သား ကာဆက်ဘ် တစ်ဦးတည်း ဒဏ်ရာများဖြင့် အဖမ်းခံခဲ့ရသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက အကြမ်းဖက်မှု (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ (၅)ရက်အလို နိုဝင်ဘာ (၂၁)ရက်နေ့တွင် ကာဆက်ဘ်အား ကြိုးပေးခဲ့ကြောင်း အတည်ပြုခဲ့သည်။ "ကြိုးဒဏ် စီရင်ချက်ကို နိုဝင်ဘာလ (၇)ရက်နေ့က ချမှတ်ခဲ့တယ်။ အရေးကြီး ကိစ္စတစ်ခုမို့လို့ ကျွန်တော်တို့ လျှို့ဝှက်ထားခဲ့တာပါ"ဟု ဝန်ကြီး ဆူလ်ရှီကူမာ ရှင်ဒီက ပြောကြားခဲ့သည်။ ထို့အပြင်၎င်းက "ပါကစ္စတန်ကိုလည်း အကြောင်းကြားခဲ့ပါတယ်။ တကယ်လို့ သူတို့ဘက်က တောင်းဆိုရင် သူတို့နိုင်ငံသားရဲ့ ရုပ်အလောင်းကို
ပြန်ပို့ပေးမှာပါ"ဟု ဆက်လက် ပြောဆိုသွားသည်။

အိန္ဒိယ သမ္မတသည် ကာဆက်ဘ်၏ အသနားခံမှုကို ပယ်ချခဲ့ပြီးနောက်
ပြစ်ဒဏ်မှာ အတည်ပြုပြီး ဖြစ်လာခဲ့သည်။ "ကာဆက်ဘ် ကြိုးတန်းလန်းနဲ့
သေနေတာကို ကျွန်မ အကြိမ်ပေါင်းများစွာ မြင်ယောင်ကြည့်ခဲ့ဖူးတယ်။ ခုပြစ်ဒဏ်အတွက် ကျွန်မ သိပ်ဝမ်းသာတယ်။ အိန္ဒိယ အစိုးရဟာ ကျွန်မတို့အတွက် တရားမျှတမှုကို ပေးခဲ့ပါပြီ"ဟု အကြမ်းဖက်မှုအတွင်း
သေဆုံးခဲ့သည့် ရဲအရာရှိ တစ်ဦး၏ ဇနီးဖြစ်သော ဂီတာ ဆာလက်စကာက ဖွင့်ဟ ပြောကြားခဲ့သည်။ သူမက "ဒါပေမဲ့ ခုဖြစ်စဉ်ဟာ အဆုံးသတ်သွားတာ မဟုတ်သေးဘူး။ ပါကစ္စတန်မှာ ဒီအကြမ်းဖက်မှုကို ကြိုးကိုင်တဲ့သူက ရှင်သန်နေတုန်းပဲ"ဟုလည်း ဆိုသည်။ အစိုးရရှေ့နေ အူဂျဝါနီကမ်က "ကြိုးဒဏ် စီရင်ချက်အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော်ဟာ အသက်ဝိညာဉ် (၁၆၆)ခုအတွက် တရားမျှတမှုကို ရှာဖွေပေးရတဲ့ နေရာမှာ ရှိခဲ့တာပါ။ လွန်ခဲ့တဲ့ (၄)နှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွက် တရားမျှတမှုကို ရှာဖွေနိုင်ခဲ့ပြီ ထင်ပါတယ်"ဟု သတင်းထောက်များထံ ပြောဆိုသွားခဲ့သည်။

Soruce: WashingtonPost
Planet Myanmar Network

0 comments:

Post a Comment