Wednesday, 21 November 2012
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး လာရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်သော အမေရိကန်သမ္မတဟူသော ဂုဏ်ပုဒ်ကို ရယူသွားခဲ့ပြီး ယင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခြင်း၊ ဒီမိုကရေစီ မီးရှူးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံအတွက်သာမက အခြားအာရှ နှင့် ကမ္ဘာ့နိုင်ငံများအတွက်ပါ စကားလက်ဆောင်ပါးခြင်းစသည့် တရားဝင်လုပ်ငန်းဆောင်တာများ ထမ်းရွက်ခြင်းအပြင် ရန်ကုန်မြို့တွင် သမ္မတအိုဘားမားအား ဆွဲဆောင်သောအရာများလည်း ရှိခဲ့သည်။
ယင်းဆွဲဆောင်မှုများတွင် မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား ဖြစ်သော
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီလည်းပါဝင်သည်။ မူလက ၀င်ရောက်ရန် အစီအစဉ်မရှိသော ရွှေတိဂုံစေတီသို့ ၀င်ရောက်ဖူးမြော်ရန် သမ္မတအိုဘားမား ကိုယ်တိုင်က ဆုံးဖြတ်ခဲ့သည်ဟု လက်ထောက်အမျိုးသားအကြံပေး မစ္စတာဘင်ရို့ဒ်စ်က ပြောကြားသည်။
Air Force One လေယာဉ် ရန်ကုန်မြို့သို့ ချဉ်းကပ်လာစဉ်ရွှေတိဂုံ
စေတီတော်ကြီးအား မြင်တွေ့ရပြီး ဘုရားကြီးကို ရှိခိုးပူဇော်သော လူထုကြီးက၎င်းအား သောင်းသောင်းဖြဖြကြိုဆိုကြသ ည်ကို တွေ့ရ
သောအခါသမ္မတက ရွှေတိဂုံသို့ တက်ရောက်ရန်ဆုံးဖြတ်ခဲ့ကြော င်း
မစ္စတာ ဘင်ရို့ဒ်စ်က ပြောကြားသည်။
သတင်းများတွင်လည်း သမ္မတအိုဘားမားသည် ရွှေတိဂုံစေတီတော်ကြီးအား
ခြေအိတ်ပင်ချွတ်ကာ တက်ရောက်ပူဇော်ခဲ့သည်ကို တွေ့ရပြီး
သောကြာထောင့်တွင် ဘုရားအား ရေသပ္ပာယ်ခဲ့သည်။
အိုဘားမားရင်ကို လှုပ်ခတ်စေခဲ့သော နောက်ထပ်အခြင်းအရာတစ်ခုမှာ ၎င်းဖြတ်သန်းရာ လမ်းတစ်လျှောက် လှိုက်လှိုက်လှဲလှဲကြိုဆို
ခဲ့ကြသော ပြည်သူလူထု ဖြစ်သည်။ ရန်ကုန်ပြည်သူလူထုကလည်း
လေဆိပ်အထွက်မှ စတင်ကာ လမ်းဆုံလမ်းခွတိုင်းတွင် မြန်မာအလံ၊ အမေရိကန်အလံများ ဝှေ့ရမ်း၍ ၀မ်းသာအားရကြိုဆိုခဲ့သည်။ စာတန်းများကိုလည်း ကိုင်ဆောင်ကြိုဆိုခဲ့ကြရာ “သင်ဟာ ကျွန်ုပ်တို့
ကမ္ဘာ၏ ဂန္ထ၀င်သူရဲကောင်း” ဟူသော စာတန်းတစ်ခုလည်း ပါဝင်ခဲ့သည်။
အိုဘားမားအား ဆွဲဆောင်ခဲ့သော အခြားအရာတစ်ခုမှာဒေါ်အောင်ဆန်း
စုကြည်၏ နေအိမ်သို့ ၀င်ရောက်စဉ် ၎င်း၏အချစ်တော်ခွေး “ဘို” ၏ ပုံတူအရုပ်ကြီးကို မြင်သာထင်သာ ပြသထားခြင်းဖြစ်ကြောင်း အမျိုးသားအကြံပေး မစ္စတာဘင်ရို့ဒ်စ်ကပင်ပြောကြားသည်။ ယင်းပုံတူအရုပ်ကြီးအား ယခုနှစ် စောစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်သို့ ရောက်ရှိစဉ် သမ္မတအိုဘားမားက လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ် သည်။
—Ref: AP
ရဲမင်းဘာသာပြန်သည်
7Day News Journal
ယင်းဆွဲဆောင်မှုများတွင် မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား ဖြစ်သော
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီလည်းပါဝင်သည်။ မူလက ၀င်ရောက်ရန် အစီအစဉ်မရှိသော ရွှေတိဂုံစေတီသို့ ၀င်ရောက်ဖူးမြော်ရန် သမ္မတအိုဘားမား ကိုယ်တိုင်က ဆုံးဖြတ်ခဲ့သည်ဟု လက်ထောက်အမျိုးသားအကြံပေး မစ္စတာဘင်ရို့ဒ်စ်က ပြောကြားသည်။
Air Force One လေယာဉ် ရန်ကုန်မြို့သို့ ချဉ်းကပ်လာစဉ်ရွှေတိဂုံ
စေတီတော်ကြီးအား မြင်တွေ့ရပြီး ဘုရားကြီးကို ရှိခိုးပူဇော်သော လူထုကြီးက၎င်းအား သောင်းသောင်းဖြဖြကြိုဆိုကြသ
သောအခါသမ္မတက ရွှေတိဂုံသို့ တက်ရောက်ရန်ဆုံးဖြတ်ခဲ့ကြော
မစ္စတာ ဘင်ရို့ဒ်စ်က ပြောကြားသည်။
သတင်းများတွင်လည်း သမ္မတအိုဘားမားသည် ရွှေတိဂုံစေတီတော်ကြီးအား
ခြေအိတ်ပင်ချွတ်ကာ တက်ရောက်ပူဇော်ခဲ့သည်ကို တွေ့ရပြီး
သောကြာထောင့်တွင် ဘုရားအား ရေသပ္ပာယ်ခဲ့သည်။
အိုဘားမားရင်ကို လှုပ်ခတ်စေခဲ့သော နောက်ထပ်အခြင်းအရာတစ်ခုမှာ ၎င်းဖြတ်သန်းရာ လမ်းတစ်လျှောက် လှိုက်လှိုက်လှဲလှဲကြိုဆို
ခဲ့ကြသော ပြည်သူလူထု ဖြစ်သည်။ ရန်ကုန်ပြည်သူလူထုကလည်း
လေဆိပ်အထွက်မှ စတင်ကာ လမ်းဆုံလမ်းခွတိုင်းတွင် မြန်မာအလံ၊ အမေရိကန်အလံများ ဝှေ့ရမ်း၍ ၀မ်းသာအားရကြိုဆိုခဲ့သည်။ စာတန်းများကိုလည်း ကိုင်ဆောင်ကြိုဆိုခဲ့ကြရာ “သင်ဟာ ကျွန်ုပ်တို့
ကမ္ဘာ၏ ဂန္ထ၀င်သူရဲကောင်း” ဟူသော စာတန်းတစ်ခုလည်း ပါဝင်ခဲ့သည်။
အိုဘားမားအား ဆွဲဆောင်ခဲ့သော အခြားအရာတစ်ခုမှာဒေါ်အောင်ဆန
စုကြည်၏ နေအိမ်သို့ ၀င်ရောက်စဉ် ၎င်း၏အချစ်တော်ခွေး “ဘို” ၏ ပုံတူအရုပ်ကြီးကို မြင်သာထင်သာ ပြသထားခြင်းဖြစ်ကြောင်း အမျိုးသားအကြံပေး မစ္စတာဘင်ရို့ဒ်စ်ကပင်ပြောကြ
—Ref: AP
ရဲမင်းဘာသာပြန်သည်
7Day News Journal



0 comments:
Post a Comment