Monday, 26 November 2012
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံရုံးနဲ့ အသင်းချုပ်တို့ ပူးပေါင
်းစီစဉ်မှုနဲ့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် များနဲ့ တွေ့ဆုံဖို့ အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဗီယက်နမ် စီးပွားရေး ဖိုရမ်ကို ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ UMFCCI မှ သတင်းများ အရ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲ မှာတော့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံရဲ့ သမ္မတ အပါအ၀င်၊ ဒုတိယ ၀န်ကြီးချုပ်နဲ့ ဗီယက်နမ် နိုင်ငံမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၊ အစိုးရ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အဲ့ဒီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ စာချုပ်များ၊ နားလည်မှု စာချွန် စာလွှာများ ရေးထိုးခြင်း အပြင် နှစ်နိုင်ငံ စီးပွားရေး အခွင့်အလမ်း များအား မိတ်ဆက်ခြင်း၊ စီးပွားရေး လုပ်ငန်းများ အလိုက် တွေ့ဆုံ ဆွေးနွေးခြင်း အစရှိတာ တွေကို ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ အကြား စီးပွားရေး ဆိုင်ရာ အမေးအဖြေ ကဏ္ဍကိုပါ ထည့်သွင်း ကျင်းပ သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဖိုရမ်ကို တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ စီးပွားရေး လုပ်ငန်းရှင် များဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံး ထားပြီး UMFCCI ကို လူစာရင်းများ ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိယက်နမ် သမ္မတရဲ့ စီးပွားရေး အမေးအဖြေ ကဏ္ဍမှာ ပါဝင်ဆွေးနွေး လိုတဲ့ မေးခွန်းများကို ဗီယက်နမ် နိုင်ငံကို ပေးပို့မှာ ဖြစ်တဲ့အတွက် အင်္ဂလိပ် ဘာသာနဲ့
ရေးသား ဖော်ပြပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံး ထားပြီး UMFCCI ကိုပေးပို့ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV - 4

0 comments:
Post a Comment