Monday, 26 November 2012
နိုင်ငံတကာသို့ ပြေးဆွဲနေသော လေကြောင်းလိုင်း များအနက်မှ မလေးရှား ၊ စင်ကာပူ ၊ ထိုင်း ၊ တရုတ် ၊ အိန္ဒိယ တို့သို့ ပြေးဆွဲနေသော အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း (MAI) သည
် ဒီဇင်ဘာလ၌ ကမ္ဘောဒီးယား
နိုင်ငံသို့ စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်း လိုင်းသည် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ ရန်ကုန်မှ ဖနောင်းပင် မြို့သို့ အပတ်စဉ် ဗုဒ္ဓဟူး နေ့နှင့် စနေနေ့ တို့တွင်ပြေးဆွဲ
ပေးမည် ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်မှ ဆီရမ်ရိမြို့ သို့ အပတ်စဉ် တနင်္လာနေ့ နှင့် သောကြာနေ့ များတွင် ပြေးဆွဲ သွားမည် ဖြစ်သည်။
MAI လေကြောင်းလိုင်း သည် ယခုနှစ် ကုန်ပိုင်းတွင် ဟောင်ကောင် ၊ ဂျပန် နှင့် တောင်ကိုရီးယား တို့သို့ တိုးချဲ့ ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။
The Myawady Daily

0 comments:
Post a Comment