ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, 16 November 2012
အိန္ဒိယသို့ မကြာမီက အလည်အပတ်ရောက်ရှိနေခဲ့သော မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည် အိန္ဒိယနှင့် ဝေးကွာ
သည်ဟု တစ်ခါမှ မခံစားခဲ့မိကြောင်း၊ မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားတစ်ဦးဟု ခံစားမိကြောင်း ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ငယ်စဉ်က ကျောင်းတက်ခဲ့ရာ နယူးဒေလီရှိ လေဒီရှရီရမ်အမျိုးသမီးကောလိ ပ်၌ ကျောင်းသူ၊ ကျောင်းသားများအား မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်းဖြစ် သည်။
သူမက "ဒီခန်းမကြီးထဲကို ကျွန်မပြန်ရောက်လာရမယ်လို့ အမြဲပဲသိခဲ့ပါတယ်။
ဒီမှာ ဂန္ဒီကြီးရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ြ ဖစ်တဲ့ 'ရာဂူပတီရာဂတ်ဗ်
ရာဂျာရမ်'သီချင်းကို ဆိုတတ်ဖို့ ကျွန်မ သင်ကြားခဲ့ရတာပါ"ဟု ပြောသည်။ ထို့အပြင် သူမက မိန့်ခွန်း၌ မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍လည်း အိန္ဒိယ၏ အကူအညီ၊ အားပေးမှု လိုအပ်ကြောင်းကို "ဒီမိုကရေစီဆီ ဦးတည်နေတဲ့ ကျွန်မတို့ရဲ့ တိုးတက်ပြောင်းလဲမှုမှာ ကျွန်မတို့ ရှင်တို့ရဲ့ အကူအညီလိုအပ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီရဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ရှင်တို့ရဲ့ ကူညီမှုလိုအပ်တယ်"ဟု ထည့်သွင်းပြောကြားသည်။
ဒေါ်စုသည် လေဒီရှရီရမ်အမျိုးသမီးကောလိ ပ်မှ ၁၉၆၀ နှစ်များ အစောပိုင်း၌
နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်သည်။
-Ref: The Hindu
7Day News Journal
သည်ဟု တစ်ခါမှ မခံစားခဲ့မိကြောင်း၊ မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားတစ်ဦးဟု ခံစားမိကြောင်း ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ငယ်စဉ်က ကျောင်းတက်ခဲ့ရာ နယူးဒေလီရှိ လေဒီရှရီရမ်အမျိုးသမီးကောလိ
သူမက "ဒီခန်းမကြီးထဲကို ကျွန်မပြန်ရောက်လာရမယ်လို့ အမြဲပဲသိခဲ့ပါတယ်။
ဒီမှာ ဂန္ဒီကြီးရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ြ
ရာဂျာရမ်'သီချင်းကို ဆိုတတ်ဖို့ ကျွန်မ သင်ကြားခဲ့ရတာပါ"ဟု ပြောသည်။ ထို့အပြင် သူမက မိန့်ခွန်း၌ မြန်မာ့ဒီမိုကရေစီအရေးနှင့်
ဒေါ်စုသည် လေဒီရှရီရမ်အမျိုးသမီးကောလိ
နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်သည်။
-Ref: The Hindu
7Day News Journal



0 comments:
Post a Comment