Pages

Friday, November 16, 2012

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်း ကျင်းပမည့်သတင်းစာ ရှင်းလင်းပွဲတွင် ရွေးချယ်ထားသော မီဒီယာအနည်းစုသာ တက်ရောက်ခွင့်ရ


Friday, 16 November 2012

၂၀၁၂ နိုဝင်ဘာလ၁၉ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်း အတွင်း သမ္မတအိုဘားမား နှင့်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံပြီးနောက် ကျင်းပမည်ဖြစ်သော သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန်အတွက် NLDပါတီမှ မီဒီယာများအချို့ကိုသာ ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

အဆိုပါ သတင်းယူခွင့်ရရှိသော ၈ျာနယ်များမှာ The Voice ဂျာနယ်၊
ပြည်သူ့ခေတ်ဂျာနယ်၊ Weekly Eleven ဂျာနယ်နယ်နှင့် ဒီလှိုင်း ဂျာနယ်တို့ဖြစ်ကြောင်း သိရှိရသည်။ ဒီလှိုင်းဂျာနယ်မှာ အန်အယ်ဒီပါတီမှ ပါတီမူဝါဒနှင့်ပတ်သက်ပြီး ထုတ်ဝေသော စာစောင်ဖြစ်သည်။

ယခုလို့  သတင်းဂျာနယ် ၄ စောင်ကိုသာ ပဏာမခွင့်ပြုလိုက်သည့်
အပေါ်တွင် ပါတီအနေနှင့် သတင်းမီဒီယာအပေါ်ခွဲခြားဆက်ဆံလိုက်ခြင်း
ဖြစ်ကြောင်း သုံးသပ်ဝေဖန်လျက်ရှိသည်။

`သတင်းယူခွင့်မပေးရင်လည်း မပေးနဲ့ပေါ့ အားလုံးကို ခွင့်မပြုနဲ့ပေါ့ ၊ ခုလို ခွဲခြားလိုက်တာကတော့ မကောင်းဘူး၊ ရွေးချယ်တယ်ဆိုတာကတော့ ဘယ်လိုပုံစံမျိုးကိုကြည့်ပြီးရွေးလိုက်တာလဲ၊` ဟု 7 Day News Journal မှ သတင်းထောက်ချုပ် ဦးအောင်သူရက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းသတင်းဂျာနယ်များနှင့်ပြည်ပနိုင်ငံအခြေစိုက် သတင်းဋ္ဌာနများ စုစုပေါင်း ၄၀၀ ကျော်ခန့်ရှိကြောင်းသိရှိရသည်။

`လုံခြုံရေးအရ စိတ်ပူတယ်ဆိုရင်လည်း သတင်းထောက်အိုင်ဒီအမှန်နဲ့ သူတွေကိုတော့ လက်ခံသင့်တာပေါ့၊ခုလို မီဒီယာအား လုံးကို မဖိတ်ပဲ ရွေးဖိတ်တယ်ဆိုရင် ဘာဖြစ်လို့ေ၇ွးဖိတ်တာလဲ၊ ဘာကြောင့်ခွဲခြားတာလည်း ဆိုတာလည်း သတင်းထုတ်ပြန်
သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တန်းတူညီတူ အခွင့်အရေးရှိရမယ်လို့ ပြောပြောနေတာပဲ` ဟု ၊ VOA လေဒီယို သတင်းထောက် အိမ့်ခိုင်ဦးက ပြောသည်။

အမေရိကန်သံရုံးမှ သံရုံးအသိုင်းအ၀ိုင်းမှ စီစဉ်သော သတင်းစာ
ရှင်းလင်းပွဲအတွက် ၁၄ ရက်နေ့ကတည်းက ပြည်တွင်းပြည်ပ သတင်းမီဒီယာများအားလုံးကို ကြိုတင်ဖိတ်ကြားခဲ့ကြောင်းသိရှိရသည်။

မေသင်္ကြန်ဟိန်၊ အောင်ကိုကိုလတ်(မြစ်မခ)
Myit Makha Mediagroup

0 comments:

Post a Comment