Tuesday, November 20, 2012
အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်သည်
နိုဝင်ဘာ ၁၈ ရက်က တာဝန်ရှိသူများနှင့် အတူ ရွှေဘိုခရိုင်
ကျောက်မြောင်းမြို့နယ်ခွဲ ရွှေနှုန်းတိုးစေတီနှင့် ရွှေနှုန်းတိုး ဘုန်းတော်ကြီး ကျောင်းတွင် လည်းကောင်း၊ မခေါက်ကျေးရွာရှိ
ရွှေတောင်ဦး စေတီတော်နှင့် စိတ္တသုခ ပတ္တမြား ကျောင်းတိုက် တို့တွင် လည်းကောင်း၊ ရွှေတိုက်ကျေးရွာ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်း တွင်လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးမှုများကို နယ်မြေခံတပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ဆယ်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှုပြီး ရွှေဘုံသာ ဘုန်းတော်ကြီး ကျောင်းဆောင်နှင့် စေတီများ ပြန်လည် ပြုပြင်ရန်အတွက် ဘိလပ်မြေအိတ် ၁ဝဝ အား လှူဒါန်းကာ ကျောင်းထိုင် ဆရာတော် အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဧရာဝတီ မြစ်ကူးတံတား (ရတနာသိင်္ဃ)ကို စက်ယန္တရားများဖြင့် ပြန်လည်ဆယ်တင်ခြင်း လုပ်ငန်းများ
ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး တံတား တည်ဆောက်ရေး
စီမံကိန်း တာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ယင်းနောက် နယ်မြေခံတပ်မတော် သားများမှ ရွှေဘိုမြို့ မောဓောမြင်သာ မြို့ထောင့် စေတီဘုရား ထီးတော် တင်ရန် ငြမ်းဆင်နေမှု၊ သန့်ရှင်းရေး ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ နယ်မြေခံ တပ်မတော် သားများသည် ကန့်ဘလူမြို့နယ် မလယ်ကျေးရွာရှိ စာသင်ဆောင်အား ယာယီ စာသင်ဆောင် သစ်များ ဆောက်လုပ်ပေးခြင်း၊ မလယ်တိုက်နယ် ဆေးရုံ အုတ်နံရံများကို
ပြန်လည် ပြုပြင်ပေးခြင်း၊ မာန်အောင်မြင်ဘုရား တပ်ဦးစေတီ ပြိုကျပျက်စီး နေမှုများကို ဆယ်တင်ရှင်း လင်းခြင်း၊ လူနေအိမ် တစ်လုံးအား ပြန်လည် ဆယ်တင်ခြင်းများကို ကျေးရွာသူ၊ ကျေးရွာ
သားများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပြီး နယ်မြေခံ ဆေးကုသရေး အဖွဲ့သည်
ကျောက်မြောင်းမြို့နယ်၌ မခေါက်ကျေးရွာရှိ ဒေသခံပြည်သူ ၂၁ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ

0 comments:
Post a Comment