Pages

Monday, November 19, 2012

သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ




Monday, November 19, 2012

အမေရိကန် သမ္မတဘားရက်အိုဘားမားနှင့် အဖွဲ့သည် ယနေ့ ညနေ ၃း၄၀ ၀န်းကျင်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Air Force One ဖြင့်
ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

ယနေ့ ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ၏ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တွေ့ဆုံခဲ့ပြီး၊ ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံခဲ့သည်။

၎င်းခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်၊
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်နှင့်အဖွဲ့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ကာ ပြည်သူ့ရင်ပြင်၌ကံကော်ပင်စိုက်၍ အမေရိကန်
သံရုံး၌ နေ့လည်စာ သုံးဆောင်ခဲ့ပြီးဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
နှင့်၎င်း၏နေအိမ်တွင် တွေ့ဆုံခဲ့ ကြောင်းကိုလည်း သိရသည်။

ပြီးနောက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြား၍ ညနေ ၃-၂၀ မိနစ် အချိန်၌ ရန်ကုန်တက္ကသိုလ်မှ ထွက်ခွာကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညနေ(၃း၄၀)မိနစ် ၀န်းကျင်း၌ ကမ္ဘော
ဒီယားနိုင်ငံ ဖနွမ်းပင်မြို့သို့ Air Force One လေယာဉ်ဖြင့် ထွက်ခွာ
သွားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Myit Makha Mediagroup

0 comments:

Post a Comment