Friday, November 23, 2012
ပြည်တွင်းကို ဝင်ရောက် လာသော တရားမဝင် စားသောက်ကုန် များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက နယ်စပ် ကုန်သွယ်မှုတွင် စစ်ဆေးနိုင်သည့် န
ည်းပညာ မရှိသဖြင့် ဈေးကွက်စီးပွားရေး အရှုံးဖြင့် ရင်ဆိုင်နေရခြင်းပင်
ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ တစ်ဦးက သုံးသပ် ပြောကြားလိုက်သည်။
လတ်တလောတွင် တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက်သားများ အလုံးအရင်းဖြင့် ဝင်ရောက်နေသည်ဟု သိရပြီး ၎င်းတို့မှာ စားသုံးရန် အာမခံချက် မည်သူမှ မပေးနိုင်ကြောင်း သိရကာ စားသုံးသူများ နစ်နာစေသည်ဟု သိရသည်။ “တကယ်တမ်း စစ်နိုင်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ မဖြစ်မနေ လိုအပ်တယ်။ AFTA လာတဲ့အခါကျရင် အာဆီယံ ဒေသတွင်းမှာ ကုန်ပစ္စည်းတွေ အတားအဆီးမဲ့ ဝင်ရင် အာမခံချက် ပေးနိုင်မှာက အရည်အသွေး စံချိန်စံညွှန်းပဲ။ ဒီစံချိန်စံညွှန်း
အတွက် မြန်မာနိုင်ငံက အသင့်ပြင်မထားရင် ဈေးကွက်မှာ တစ်ပန်း
ရှုံးနေပြီပဲ” ဟု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက
ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံမှာ နယ်စပ်ဒေသနေ ဓာတ်ခွဲခန်းတွေနဲ့ စစ်ဆေး
ကြပ်မတ်မှု ရှိမှ မရှိသေးတာ၊ အကောက်ခွန်က သတ်မှတ်တဲ့ ပစ္စည်း
တွေကိုပဲ စစ်ဆေးနေပြီးတော့ အရည်အသွေး စံချိန်စံညွှန်းနဲ့ စားသုံးရန် သင့်မသင့် ဆိုတာက မခွဲခြားနိုင်သေးဘူး။ စားသုံးသူ ကာကွယ်ရေး ဥပဒေဆိုတာ ပေါ်လာမှပဲ ဖြစ်တော့မယ်ထင်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်က
ပြောကြားသည်။
“အရည်အသွေး စစ်ဆေးတဲ့ ဓာတ်ခွဲခန်းက ရန်ကုန်မှာတစ်ခု၊ မန္တလေးမှာ
တစ်ခု ရှိထားတယ်။ နယ်စပ်ကနေ ပစ္စည်း ဝင်လာမယ်ဆိုရင် အဲဒီနေရာတွေကို ဆင်းပြီး စစ်ရတယ်။ စစ်နေတုန်းပစ္စည်းတွေက
ဈေးကွက်ထဲ ရောက်တာတွေ ရောက်ကုန်ပြီ။ တကယ်ဆိုရင်
နယ်စပ်ဒေသ ဝင်ပေါက်တွေ အားလုံးမှာရော အဓိကမြို့တွေမှာပါ ဓာတ်ခွဲခန်းတွေ ရှိဖို့ လိုအပ်နေပြီ” ဟု ဦးအောင်သန်းဦးက ပြောကြားခဲ့သည်။
Pyi Myanmar

0 comments:
Post a Comment