Friday, November 23, 2012
မိန်းကလေး တော်တော်များများ ခုနောက်ပိုင်း တက်တူးထိုးလာတာ
တွေ့ရတော့ မော်ဒယ် သရုပ်ဆောင် နန်းသူဇာကို တက်တူးထိုးဖို့အစီ အစဉ်ရှိလားဆိုတဲ့ မေးခွန်းကိုမေးဖြစ်
ခဲ့ပါတယ်။
"တက်တူး ထိုးတာကို ဝါသနာမပါဘူးဆိုတာ ကသေရာပါမယ့်
အလုပ်ကြီးပေါ့နော်။ အဲဒီ တက်တူးကြီးက ကိုယ်ကြီးလာရင် လည်း ဘယ်လိုနေမလဲမသိဘူး။ အဲဒီလို စဉ်းစားရင်ကြောက်တယ်။ တစ်ခါတလေ ကိုယ့်နာမည်ကိုပုံစံ လှလှလေးတွေတွေ့ရင် တက်တူးထိုး ချင်တယ်။ တက်တူးထိုးတယ်ဆိုတာ အသားအရေ ပျက်စီးတာတော့မ ဟုတ်ဘူး။ အသားပေါ်မှာတင်သွား တာဆိုတော့ အသားအရေ ပျက်စီး တာတော့ မဟုတ်ဘူးပေါ့။ အလှအပ အနေနဲ့ ပျက်စီးတာပေါ့။ "
အနုပညာ အလုပ်နဲ့ပဲ ဆက်လုပ်သွားဖို့ အစီ အစဉ်ရှိလားဆိုတာနဲ့ ပတ်သက်ပြီး "ဒီအလုပ်ကို ဝါသနာပါတယ်။ အခု လည်း အလုပ်ဖြစ်ေ
နေပြီပေါ့နော်။ စီးပွားရေးဖြစ်လားဆိုတော့လည်း စီးပွားလည်း
မဖြစ်သေးပါဘူး။ စီးပွား ဖြစ်တဲ့ အလုပ်လို့ လည်းမခေါ်သေးပါဘူး။ ဒီကရတယ်ဆိုတာ ကိုယ့်မုန့်ဖိုး နဲ့ကိုယ်ပေါ့။ ပညာရေးကကျတော့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးလာရင်လည်း ဒီအနုပညာ
အလုပ်နဲ့ ဆက်သွားမှာမဟုတ်ဘူး။ စီးပွားဖြစ်နဲ့တော့ သွားမှာမဟုတ်ဘူး။ တခြားစီးပွားရေးလုပ်မှာပါ။ အဲဒီတော့ ပညာရေးကစွမ်းတယ်။ ဘွဲ့တစ်ဘွဲ့ဆိုတာ အခုအဝေးသင် ဖြစ်ဖြစ် day ဖြစ်ဖြစ် အခုကျောင်း သားတွေကဘွဲ့ရအောင်ကြိုးစားနေ တာပဲ။ တချို့က လွယ်လွယ်နဲ့
အောင်တယ်။ တချို့က ခက်ခက် ခဲခဲနဲ့အောင်ကြတယ်။ အဲဒီတော့ ကြိုးစားမှုကကြိုးစားမှုပါပဲ။"
8 Days

0 comments:
Post a Comment