Pages

Sunday, November 18, 2012

"မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှု လျှော့ချခဲ့သည့် မြန်မာ့လုပ်ရပ် အပြုသဘောဆောင်ဟု အိမ်ဖြူတော်ထုတ်ပြန်"



Sunday, 18 November 2012

မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှု လျှော့ချခဲ့သော မြန်မာနိုင်ငံ၏ လုပ်ရပ်သည် အပြုသဘောဆောင်သည်လုပ်ရပ်ဟု အမေရိကန်
အိမ်ဖြူတော်အစိုးရမှ ယနေ့ ထုတ်ပြန်ပြောဆိုခဲ့သည်။

“မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှု လျှော့ချဖို့ လိုအပ်တယ်လို့
မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး ဆန်ဂိုဒက်စ်က အမေရိကန်သမ္မတ၏ အဲယားဖို့စ်ဝမ်းလေယာဉ်ပေါ်တွင် ပြောကြား
ခဲ့သည်။

စစ်အစိုးရလက်ထက်တွင် မြောက်ကိုရီးယားနှင့် စစ်ရေးအဆက်အဆံ
ရှိခဲ့ပြီး နျူးကလီးယားလက်နက်ကိစ္စအတွက် ပူးပေါင်းမှုများ ရှိခဲ့သည်ဟု နိုင်ငံတကာက သတ်မှတ်စောင့်ကြည့်ခံခဲ့ရသေ
မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရ လက်ထက်တွင် မြောက်ကိုရီးယား နှင့် စစ်ရေးအရဆက်ဆံမှုကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

“အဲဒီ အပြုအမူကို အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုလို့ ကျွန်တော်တို့ ရှုမြင်ထားပါတယ်။ နောက် တစ်ဆင့် ကျွန်တော်တို့ မြင်ချင်တာက မြန်မာနဲ့
မြောက်ကိုရီးယားကြား ဆက်ဆံရေးကို အဆုံးသတ်ဖို့ပါပဲ”ဟု ၎င်းက ပြောသည်။

ထို့အတူ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှုပြုရန်
အတွက် အစောပိုင်းအဆင့်များ ကို စတင်ခဲ့ပြီး အမေရိကန်-ထိုင်း ပူးတွဲ
စစ်ရေးလေ့ကျင့်မှု(Cobra Gold)သို့ မြန်မာ ပါဝင်လာမည်ဟုမျှော်လင့်
ထားကြောင်း ၎င်းက ပြောဆိုခဲ့သည်။


Ref: Bangkok Post
Popular Myanmar News Journal

0 comments:

Post a Comment