Sunday, 18 November 2012
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကြောင့် လာမည့်နှစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်
အတူ ဆောက်လုပ်ရေးလုပ်သားသိန်းချ
ရှိနေကြောင်း အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပညာရှင်များက ထင်မြင်သုံးသပ်ထားပါသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ လိုအပ်ချက်ဖြည့်ဆည်းမှု၊ အရည်အသွေးမြှင့်တင်မှုနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူတို့၏ ရုံးအဆောက်အအုံများ လိုအပ်ချက်မြင့်မားမှုတို့ြေ ကာင့် တစ်နိုင်ငံလုံး
အတိုင်း အတာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ က သုံးသပ်ထား ပါသည်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်အခြားတည်ဆောက်ရေး
လုပ်ငန်းများ စသည့်ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ဆွေးနွေးနေကြောင်း အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု ၀န်ကြီးဌာနမှ ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
''ရန်ကုန်တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုမှာ စနစ်တကျ
စီမံဆောင်ရွက်မယ်ဆိုရင် တရှိန်ထိုး တိုးတက်လာမယ့်နယ်ပယ်ကတော့
ဆောက်လုပ်ရေးရင်းနှီးမြှုပ် နှံမှုပဲ ဖြစ်ပါတယ်။ မကြာမီက ကိုရီးယား၊ ဂျပန်နဲ့ ဗီယက်နမ်နိုင်ငံက ရင်းနှီးမြှုပ်နှံလိုသူတွေက
ရန်ကုန်မြို့ရဲ့ real eatate၊ hotel နဲ့ အခြားတည်ဆောက် ရေးလုပ်ငန်းတွေမှာ
ရင်းနှီးမြှုပ်နှံဖို့ လာဆွေးနွေးနေကြပါတယ်'' ဟု အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်က ပြောကြား
ခဲ့သည်။
အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌဦးသန်းမြင့်
ကလည်း ''လက်ရှိရန်ကုန်မှာ ဆောက်ဖို့အတွက် အထပ်မြင့် အဆောက်
အအုံတွေက အထပ် ၂၀၊ ၃၀ တွေများတယ်။ အရင်ကဆိုရင် ၁၂ ထပ်
ပဲရှိတာတွေကနေ အထပ် ၃၀ လောက်တွေ ပါလာတယ်။ ဒါက ဒီငါးလ၊ ခြောက်လအတွင်းမှာ ပိုများ လာပါတယ်။ မန္တလေးမှာဆိုလည်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်တာတွေများလာတယ်'' ဟု ရှင်း ပြခဲ့သည်။
''မြန်မာနိုင်ငံမှာက ၂၀၁၃ ဆီးဂိမ်း၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်း တွေအပြင်၊
ရေနက်ဆိပ်ကမ်းတွေ၊ အထူးစီးပွားရေးဇုန်တွေကလည်း အခုမှ
ဆောက်လုပ်ဆဲ အဆင့်ပဲ ရှိနေသေးတယ်။ သီလ၀ါ အထူးစီးပွားရေး
ဇုန်ဆိုလည်း အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရဦးမယ်။ စက်မှုဝန်ကြီးဌာနကလည်း စက်မှုဇုန် အသစ်ခုနစ်ခု ဆက်လက်
တည်ထောင်ဖို့အတွက် ပြင်ဆင်နေတဲ့အပြင် တခြားစီမံကိန်းတွေ အများအပြား ရှိနေသေးတဲ့အတွက် ဒီဆောက်လုပ်ရေး ကဏ္ဍကနေ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရလာစေမှာပါ'' ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင် လွှတ်တော်အမတ်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။
Three Friends Construction Co.,Ltd မှ အမှုဆောင်ဒါရိုက်တာ ဦးကိုကိုလေးက ''လက်ရှိမြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက အားကောင်းနေတယ်။ အားကောင်းဖို့လည်း အခြေအနေတွေ ရှိနေတယ်။ အထူးသဖြင့် infrastructure ပိုင်းမှာတင် လိုအပ်ချက်ကများနေတော့
ရှေ့လျောက် ပွင့်လင်းလာမှာပါ။ ဟို တယ်၊ ရုံးခန်း၊ နောက်ပြီး လူနေအိမ်၊ တိုက်ခန်းတွေ စသဖြင့်ပေါ့။ များလာတယ်။ အဲဒီအတွက်လည်း construction sector မှာ လုပ်သားလိုအပ်ချက်က များလာတယ်။ အိမ်တစ်လုံးရဲ့ construction တစ်ခုတောင် လုပ်သား ၅၀ လောက် လိုတာလေ။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်သားက သိန်းချီလိုလာနိုင်တယ်။ နေပြည်တော်တစ်ခုတည်းမှာတောင် လုပ်သားက သောင်းချီအသုံးပြုခဲ့ရတယ်'' ဟု ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့်သုံးလက မိုးတွင်းကာလဖြစ်သည့်အပြင် အဆောက်အအုံဆောက်လုပ်ခွင့် တင်ပြရာတွင် ကြန့်ကြာမှုအချို့ကြောင့်
ဆောက်လုပ်မှု အခြေအနေ ကျဆင်းခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းအခြေ အနေမှာ ယခုပွင့်လင်းရာသီ ကာလတွင် ဆောက်လုပ်မှု အနည်းငယ်
မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း
အသိုင်းအ၀ိုင်းမှ သိရှိရသည်။
''အခုဆောက်လုပ်ရေး project တွေအများကြီး ထွက်လာဖို့ရှိတယ်။
ပြည်လမ်းတစ်လျောက်နဲ့ ပါရမီလမ်းတွေမှာ ၁၈ထပ်လောက် အဆောက်အအုံတွေ ကျွန်တော်နဲ့သိတဲ့ လုပ်ငန်းရှင်တွေထဲမှာပဲ
ဆောက်ဖို့ရှိတယ်။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်တော့ မရသေးဘူး။ ပြီးတော့ နိုင်ငံခြားလုပ်ငန်းရှင်အချို့လည်း ဒီကဆောက် လုပ်ရေး
လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးလုပ်ဖို့လည်း လာကြတာရှိတယ်'' ဟု မြတ်ဆုမွန်ဆောက်လုပ်ရေးမှ ဦးဇာလီဘစိန်က ပြောပြခဲ့သည်။
ကန်ထရိုက်တိုက်များနည်းတူ ကွန်ဒို၊ အဆင့်မြင့်တိုက်ခန်းများလည်း
ဆောက်လုပ်မှု မိုးတွင်းကာလ ထက်မြင့်တက်လာပြီး ပြည်တွင်း
လုပ်ငန်းရှင်များ ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံအချို့လ ည်း ပါရမီလမ်း၊ ပြည်လမ်းတစ်လျှောက်တို့တွင် ပေါ်ထွက်လာရန်ရှိသည်ဟုလည်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။ ထို့ပြင် နိုင်ငံခြားမှာ ရင်းနှီးမြှပ်နှံမှုများဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်လာရန်ရှိရာ ယင်းကဲ့သို့ဝင်ရောက်လာခြင်း အားဖြင့် ဆောက်လုပ်ရေး လုပ်သားများလည်း အလုပ်အကိုင်အခွင့်အလမ်းများ စွာ ရရှိလာမည်ဟု သိရသည်။
''ပြည်ပနိုင်ငံတွေအနေနဲ့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို မူတည်ပြီး သူတို့က တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် ကွန်ဒိုမီနီယမ်ဥပဒေ
ပေါ်လာမှရမယ်။ အဲဒီမှာ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့  ပူးပေါင်းလုပ်မှရမှာ။ အဲဒီအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေက နောက်ပိုင်းပိုပြီးဖွံ့ဖြိုးလာဖို့ ရှိတယ်။ အားကောင်းလာမယ်ပေါ့။ ဒီလိုအားကောင်းလာခြင်းအားဖြ င့် ရန်ကုန်မြို့မှာ ခေတ်မှီအဆောက်အအုံတွေလည်း ပေါ်ထွက်လာမှာဖြစ်သလို ကုမ္ပဏီဝန်ထမ်း၊ ဆောက်လုပ်ရေးလုပ်သားတွေလည်း အလုပ်အကိုင်တွေ
ရလာမယ်။ ဒါပေမဲ့ အရည်အချင်းမီဖို့နဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိဖို့ တော့ အရေးကြီးပါတယ်'' ဟု ရှိုင်းဆောက်လုပ်ရေးလုပ်ငန်း မှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားခဲ့သည်။
''အရင်လတွေတုန်းက မြေဈေးနှုန်းကောင်းတဲ့အတွက်
မြေပိုင်ရှင်တွေက ကန်ထရိုက်မဆောက်ဘဲ မြေကွက်တွေပဲ ပြန်ရောင်းကြတယ်။ အခုက
မြေဈေးငြိမ်သွားတဲ့ သဘောဖြစ်လာတဲ့အတွက် မြေရှင်အတော် များများက
ကန်ထရိုက်ဆောက်ဖို့ စဉ်းစားလာကြတယ်။ ဒါပေမဲ့ အဲဒီမှာပြောစရာတစ်ခုရှိတာက
ဆောက်လုပ်ခွင့်စည်ပင်ကိုတင် ရင်
အရင်က နှစ်လလောက်ပဲကြာတယ်၊၊ အခုတော့ ဆောက်လုပ်ခွင့်က လေး၊ ငါးလလောက်အထိ
ကြာနေတဲ့သဘော ဖြစ်နေပါတယ်။ အခုဆိုရင် လှိုင်၊ ကမာရွတ်၊
ကြည့်မြင်တိုင်ဘက်မှာလည်း ကန်ထရိုက်ဆောက်ဖို့
တော်တော်များများ ရှိနေတယ်'' ဟု ဇော်ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယခုလက်ရှိ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင်
ဆောက်လုပ်ရေး လုပ်သား အသုံးပြုမှုမှာလည်း ရပ်ကွက်များအတွင်းရှိ ကန်ထရိုက် တိုက်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်သားအနည်းဆုံး ၂၀ ခန့် အသုံးပြုနေကြကြောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ နှစ်စဉ် ဆောက်လုပ်ခွင့်တင်ပြလာ
သည့် တိုက်ခန်းပေါင်း ၇၀၀၀ ကျော်ရှိနေသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်သည့် အခွင့်အလမ်းများအဖြစ်
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၀င်ငွေနည်းမိသားစုဝင်များအတွက်
ဆောက်လုပ်ပေးမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ၂၀၁၃ ခုနှစ်မှစတင်မည်ဖြစ်ကာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဆောက်လုပ်
သည့် အဆိုပါစီမံကိန်းများမှာ ၂၀၂၈ ခုနှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အိမ်ခန်း ယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ပါမောက္ခ ဒေါ်ရီရီမြင့်က ''အခု မြန်မာပြည်စီးပွားရေး ပွင့်လာတဲ့အချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက ပထမဆုံး ဖွံ့ဖြိုးလာမှာ။ အခြေခံအဆောက်အဦတွေ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရုံးခန်းတွေ၊ တိုးတက်လာမယ့် မြို့ပြ အဆောက်အအုံတွေ အများအပြားဆောက်လာမယ်လို့ ယူဆတယ်။ ဆောက်လုပ်ရေး ကဏ္ဍတင်မကဘူး။ ဆက်စပ်လုပ်ငန်းတွေပါ လုပ်ငန်းတွေကောင်းလာဖို့ ရှိတယ်။ အလုပ်အကိုင်သစ်တွေ ပေါ်လာမှာဖြစ်တဲ့အတွက်
ငွေကြေးဖြန့်ဝေစီးဆင်းမှု ပိုကောင်းလာမှာပါ'' ဟု ထင်မြင်သုံးသပ်ပါသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အနည်းဆုံးဖြစ်နေပြီး လက်ရှိကာလအထိ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆၇ သန်းသာ မြှုပ်နှံမှုများ ရှိနေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် လိုအပ်နေပြီး၊ ဆောက်လုပ်ရေး ကဏ္ဍ၌
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုတွင်မူ ကျပ်သန်း ၆၄၆၀၃၂ ဒသမ ၈၂ ဖြင့် အများဆုံးမြှုပ်နှံထားကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
Eleven Media Group
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ လိုအပ်ချက်ဖြည့်ဆည်းမှု၊ အရည်အသွေးမြှင့်တင်မှုနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူတု
အတိုင်း အတာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ
ရန်ကုန်မြို့ရှိ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်အခြားတည်ဆောက်ရေ
လုပ်ငန်းများ စသည့်ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ဆွေးနွေးနေကြောင်း အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်
ဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
''ရန်ကုန်တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်
စီမံဆောင်ရွက်မယ်ဆိုရင် တရှိန်ထိုး တိုးတက်လာမယ့်နယ်ပယ်ကတော့
ဆောက်လုပ်ရေးရင်းနှီးမြှုပ်
ခဲ့သည်။
အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌဦးသန်းမြင့်
ကလည်း ''လက်ရှိရန်ကုန်မှာ ဆောက်ဖို့အတွက် အထပ်မြင့် အဆောက်
အအုံတွေက အထပ် ၂၀၊ ၃၀ တွေများတယ်။ အရင်ကဆိုရင် ၁၂ ထပ်
ပဲရှိတာတွေကနေ အထပ် ၃၀ လောက်တွေ ပါလာတယ်။ ဒါက ဒီငါးလ၊ ခြောက်လအတွင်းမှာ ပိုများ လာပါတယ်။ မန္တလေးမှာဆိုလည်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်တာတွေများလာတယ်'' ဟု ရှင်း ပြခဲ့သည်။
''မြန်မာနိုင်ငံမှာက ၂၀၁၃ ဆီးဂိမ်း၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်း
ရေနက်ဆိပ်ကမ်းတွေ၊ အထူးစီးပွားရေးဇုန်တွေကလည်း
ဆောက်လုပ်ဆဲ အဆင့်ပဲ ရှိနေသေးတယ်။ သီလ၀ါ အထူးစီးပွားရေး
ဇုန်ဆိုလည်း အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရဦးမယ်။ စက်မှုဝန်ကြီးဌာနကလည်း စက်မှုဇုန် အသစ်ခုနစ်ခု ဆက်လက်
တည်ထောင်ဖို့အတွက် ပြင်ဆင်နေတဲ့အပြင် တခြားစီမံကိန်းတွေ အများအပြား ရှိနေသေးတဲ့အတွက် ဒီဆောက်လုပ်ရေး ကဏ္ဍကနေ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရလာစေမှာပါ'' ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင် လွှတ်တော်အမတ်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။
Three Friends Construction Co.,Ltd မှ အမှုဆောင်ဒါရိုက်တာ ဦးကိုကိုလေးက ''လက်ရှိမြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက အားကောင်းနေတယ်။ အားကောင်းဖို့လည်း အခြေအနေတွေ ရှိနေတယ်။ အထူးသဖြင့် infrastructure ပိုင်းမှာတင် လိုအပ်ချက်ကများနေတော့
ရှေ့လျောက် ပွင့်လင်းလာမှာပါ။ ဟို တယ်၊ ရုံးခန်း၊ နောက်ပြီး လူနေအိမ်၊ တိုက်ခန်းတွေ စသဖြင့်ပေါ့။ များလာတယ်။ အဲဒီအတွက်လည်း construction sector မှာ လုပ်သားလိုအပ်ချက်က များလာတယ်။ အိမ်တစ်လုံးရဲ့ construction တစ်ခုတောင် လုပ်သား ၅၀ လောက် လိုတာလေ။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်သားက သိန်းချီလိုလာနိုင်တယ်။ နေပြည်တော်တစ်ခုတည်းမှာတောင
ရန်ကုန်မြို့တွင် ပြီးခဲ့သည့်သုံးလက မိုးတွင်းကာလဖြစ်သည့်အပြင် အဆောက်အအုံဆောက်လုပ်ခွင့် တင်ပြရာတွင် ကြန့်ကြာမှုအချို့ကြောင့်
ဆောက်လုပ်မှု အခြေအနေ ကျဆင်းခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းအခြေ အနေမှာ ယခုပွင့်လင်းရာသီ ကာလတွင် ဆောက်လုပ်မှု အနည်းငယ်
မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း
အသိုင်းအ၀ိုင်းမှ သိရှိရသည်။
''အခုဆောက်လုပ်ရေး project တွေအများကြီး ထွက်လာဖို့ရှိတယ်။
ပြည်လမ်းတစ်လျောက်နဲ့ ပါရမီလမ်းတွေမှာ ၁၈ထပ်လောက် အဆောက်အအုံတွေ ကျွန်တော်နဲ့သိတဲ့ လုပ်ငန်းရှင်တွေထဲမှာပဲ
ဆောက်ဖို့ရှိတယ်။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်တော့ မရသေးဘူး။ ပြီးတော့ နိုင်ငံခြားလုပ်ငန်းရှင်အချ
လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးလုပ်ဖို့လည်း လာကြတာရှိတယ်'' ဟု မြတ်ဆုမွန်ဆောက်လုပ်ရေးမှ ဦးဇာလီဘစိန်က ပြောပြခဲ့သည်။
ကန်ထရိုက်တိုက်များနည်းတူ ကွန်ဒို၊ အဆင့်မြင့်တိုက်ခန်းများလည်
ဆောက်လုပ်မှု မိုးတွင်းကာလ ထက်မြင့်တက်လာပြီး ပြည်တွင်း
လုပ်ငန်းရှင်များ ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံအချို့လ
''ပြည်ပနိုင်ငံတွေအနေနဲ့က နိုင်ငံခြားရင်းနှီးမြှုပ်န
ပေါ်လာမှရမယ်။ အဲဒီမှာ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ
ရလာမယ်။ ဒါပေမဲ့ အရည်အချင်းမီဖို့နဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိဖို
တစ်ဦးက ပြောကြားခဲ့သည်။
''အရင်လတွေတုန်းက မြေဈေးနှုန်းကောင်းတဲ့အတွက်
တော်တော်များများ ရှိနေတယ်'' ဟု ဇော်ဆောက်လုပ်ရေးလုပ်ငန်းမှ
ယခုလက်ရှိ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင်
ဆောက်လုပ်ရေး လုပ်သား အသုံးပြုမှုမှာလည်း ရပ်ကွက်များအတွင်းရှိ ကန်ထရိုက် တိုက်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်သားအနည်းဆုံး ၂၀ ခန့် အသုံးပြုနေကြကြောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ နှစ်စဉ် ဆောက်လုပ်ခွင့်တင်ပြလာ
သည့် တိုက်ခန်းပေါင်း ၇၀၀၀ ကျော်ရှိနေသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြ
ဆောက်လုပ်ပေးမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ၂၀၁၃ ခုနှစ်မှစတင်မည်ဖြစ်ကာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဆောက်လုပ်
သည့် အဆိုပါစီမံကိန်းများမှာ ၂၀၂၈ ခုနှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အိမ်ခန်း ယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်
ပါမောက္ခ ဒေါ်ရီရီမြင့်က ''အခု မြန်မာပြည်စီးပွားရေး ပွင့်လာတဲ့အချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက ပထမဆုံး ဖွံ့ဖြိုးလာမှာ။ အခြေခံအဆောက်အဦတွေ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရုံးခန်းတွေ၊ တိုးတက်လာမယ့် မြို့ပြ အဆောက်အအုံတွေ အများအပြားဆောက်လာမယ်လို့ ယူဆတယ်။ ဆောက်လုပ်ရေး ကဏ္ဍတင်မကဘူး။ ဆက်စပ်လုပ်ငန်းတွေပါ လုပ်ငန်းတွေကောင်းလာဖို့ ရှိတယ်။ အလုပ်အကိုင်သစ်တွေ ပေါ်လာမှာဖြစ်တဲ့အတွက်
ငွေကြေးဖြန့်ဝေစီးဆင်းမှု ပိုကောင်းလာမှာပါ'' ဟု ထင်မြင်သုံးသပ်ပါသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်န
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုတွင်မူ ကျပ်သန်း ၆၄၆၀၃၂ ဒသမ ၈၂ ဖြင့် အများဆုံးမြှုပ်နှံထားကြောင
Eleven Media Group



0 comments:
Post a Comment