Pages

Sunday, November 18, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်စဉ် များပြားလာသောကြောင့် ရဲစခန်းအရေအတွက် ၂၀ တိုးချဲ့ရန်စီစဉ်



Sunday, 18 November 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲစခန်းအရေအတွက် ၂၀ တိုးချဲ့သွားရန် စီစဉ်နေသည့်အပြင် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ရာထူးတိုး၍ တာဝန်
ထမ်းဆောင်စေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုလက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲစခန်းအရေအတွက် စုစုပေါင်း ၉၃ ခု ရှိပြီး ၁၁၃ ခု အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက “ရန်ကုန်တိုင်း
ဒေသကြီးအနေနဲ့ ရဲစခန်းအရေ အတွက် အခု ၂၀ တိုးချဲ့ဖို့ကို အဆင့်ဆင့် တင်ပြဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ရဲစခန်းများ တိုးချဲ့သွားမည့်အပြင် မြို့နယ်ရဲစခန်းများတွင် တာဝန်
ထမ်းဆောင်နေသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး အဆင့်များကိုလည်း ရာထူး
တိုးမြှင့် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်း တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က “စခန်းတွေ တိုးချဲ့ဖို့ စဉ်းစားထားတဲ့နေရာတွေ အများစုက လူနေသိပ်သည်းတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ အခု တချို့မြို့နယ်တွေမှာ
လည်း ရဲစခန်းနှစ်ခုရှိတဲ့ မြို့နယ်တွေလည်း ရှိပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး
တွေက ဒုရဲမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေရာကနေ ရာထူးတစ်ဆင့်
မြင့်တဲ့ ရဲမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်သွားဖို့ ရှိပါတယ်။ ဒီလိုတိုးမြှင့်ပြီး တာဝန်ထမ်းဆောင်ရမယ့်အတွက် အဓိကအားဖြင့် ဆုံးဖြတ်ပိုင်ခွင့်ပိုပြီး ရရှိသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင် လူနေသိပ်သည်းမှုရှိသည့် မြို့နယ်အချို့မှာ အင်းစိန်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ သာကေတ စသည့်မြို့နယ်
များဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း နေထိုင်သူဦးရေမှာ ခုနစ်သန်းနီးပါးရှိနေပြီး ရဲတပ်ဖွဲ့ဝင်အင်အားမှာမူ ခုနစ် ထောင်ကျော်သာ ရှိသဖြင့် နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့အင်အား မျှတမှုမရှိကြောင်း ရဲမှူးမြင့်ထွေးက ဆက်လက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးအဆင့်မှ ရဲမှူးအဆင့်သို့
ပြောင်းလဲတာဝန်ဆောင်စေမည် ဖြစ်သော်လည်း အခြားအဆင့်များကိုမူ
ပြောင်းလဲတာဝန်ပေးသွားရန် အစီအစဉ်ရှိ၊ မရှိ မသိသေးကြောင်း ဒုရဲမှူးကြီး သက်လွင်က ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လစဉ်ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ် အရေအတွက်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ လစဉ်ဖြစ်ပွား
နေသည့် မှုခင်းဖြစ်စဉ် အရေအတွက်ထက် ပိုမိုများပြားနေကြောင်း ရဲမှူးမြင့်ထွေးက ဆိုပါသည်။

ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ်များအနက် လိမ်လည်မှု၊ ခိုးမှု စသည့်
ဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေရခြင်းမှာ အလုပ်အကိုင် ရှားပါးလာမှုကြောင့် စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေခြင်းနှင့် နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့အင်အား မျှတမှုမရှိသေးခြင်းကြောင့်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment