Friday 23rd November 2012
နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ မိုးဘိုင်းဖုန်း
အပူး နံပါတ်များ လေလံတင် ရောင်း
ချမှုမှ ကျပ်သိန်းပေါင်း နှစ်ထောင့်
ခြောက်ရာ ကျော်ရရှိခဲ့တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အဲ့ဒီ လေလံတင် ရောင်းချမှုမှာ မိုဘိုင်းလ်ဖုန်း အလုံး တစ်ရာကျော်ကို
ရောင်းချခဲ့တာဖြစ်ပြီး မန္တလေး မှာရောင်းချမှုရဲ့ အလုံး သုံးဆယ်ကျော် ပိုမိုများပြား ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အတွက် လေလံတင် ရောင်းချရငွေ စုစုပေါင်း ဟာလည်း မန္တလေးမှာ ရရှိခဲ့ငွေရဲ့ နှစ်ဆနီးပါး ပိုမိုများပြား ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မှာ လေလံတင် ရောင်းချခဲ့ရာမှာ WCDMA အတွက် ကျပ်သိန်း ကိုးရာ့ငါးဆယ် ကျော်နဲ့GSM အတွက် ကျပ်သိန်း တစ်ထောင့် ငါးရာကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို လေလံတင် ရောင်းချခဲ့ရာမှာ ကြမ်းခင်းဈေး ကျပ်ခုနှစ်သိန်း သတ်မှတ်ထား ပေမယ့် အနိမ့်ဆုံး ဈေးကျပ် ဆယ့်ငါးသိန်း ရရှိခဲ့ပြီး အမြင့်ဆုံးဈေး ကတော့ ကျပ်ခြောက်ဆယ့် တစ်သိန်း ရရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမြင့်ဆုံး လေလံအောင် ဈေးရရှိခဲ့တဲ့ နံပါတ် ကတော့ ၀၉-၄၂၄၄၄၄၄၄၄ နံပါတ် ဖြစ်တယ်လို့ သိရပါတယ်။
MRTV - 4

0 comments:
Post a Comment