Friday 23rd November 2012
ထိုင်းနိုင်ငံရှိ Dusit, Promprap နှင့် Phra Nakhon ဒေသ ၃ ခု အတွင်း စနေနေ့ လှုံ့ဆော် စည်းရုံးမှု အဖွဲ့ (Saturday rally) အား ထိန်းချုပ်ရန် အတွက် ထိုင်း အစိုးရ
က ပြည်နယ် အတွင်း လုံခြုံရေး အက်ဥပဒေ (ISA)
အား နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ပြဋ္ဌာန်း ခဲ့ပါသည်။
၎င်းအက် ဥပဒေ၏ အကျိုး သက်ရောက် မှုသည် အဆိုပါ ဒေသ ၃ ခု အတွင်း နိုဝင်ဘာလ ၂၂ ရက် နေ့မှ ၃ဝ ရက်နေ့ အထိ ဖြစ်ကြောင်း သိရှိရ ပါသည်။
ISA ၏ အက်ဥပဒေတွင် စည်းရုံး လှုံ့ဆော်သော လူအုပ်စုအား ရဲများ၏ ထိန်းချုပ်မှု မအောင်မြင် ပါက စစ်တပ်ကိုပါ အကူအညီ တောင်းခံ
နိုင်ကြောင်း သိရှိရ ပါသည်။
အဆိုပါ အက်ဥပဒေအား နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ဝန်ကြီးချုပ် ရင်လပ်ရှင် နာဝပ်ထရာနှင့် အစိုးရ အဖွဲ့ဝင် အချို့နှင့် တွေ့ဆုံ ဆွေးနွေးမှု အပြီး ဒုတိယ ဝန်ကြီးချုပ် Chalerm Yubamrung က ထုတ်ပြန် ကြေညာ
ခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ လှုံ့ဆော် စည်းရုံးမှုသည် ဖြူထိုင်း ပါတီ အစိုးရအား နိုဝင်ဘာလ
၂၄ ရက် နေ့တွင် ဆန့်ကျင် ဆန္ဒပြရန် ဖြစ်ကြောင်းနှင့် လှုံ့ဆော် စည်းရုံးခြင်းဖြင့် ပြည်သူ ၁,ဝဝဝ အား ဆွဲဆောင် နိုင်လိမ့်မည်ဟု
သိရှိရ ပါသည်။
မြ၀တီ

0 comments:
Post a Comment