Thursday, 15 November 2012
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်ရန်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လေးရက် တာ နေထိုင
်မည်ဖြစ်သည်ဟု
ထိပ်သီးအစည်းအဝေး ကျင်းပရေးကော်မတီ၏ ထုတ်ပြန်သည့် အစီအစဉ်တွင် ပါရှိသည်။
သမ္မတသည် အထူးလေယာဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၁ဝ နာရီတွင်
ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင်
ပြန်လည်ထွက်ခွာမည်ဖြစ်သည်ဟု
အစီအစဉ်တွင်ပါရှိသည်။ ထိပ်သီးအစည်းအဝေးသို့ အာဆီယံ ၁ဝ နိုင်ငံမှ
ခေါင်းဆောင်များအပါအဝင်၊ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်၊ တရုတ်
ဝန်ကြီးချုပ် တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်၊ အိန္ဒိယ ဝန်ကြီးချုပ်
မန်မိုဟန်ဆင်း၊ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၊ တောင်ကိုရီးယား လီ
မြောင်ဘတ်၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီး၊ ရုရှ သမ္မတ ဗလာဒီမာပူတင်နှင့်
အမေရိကန်သမ္မတ ဘားရတ် ဟူစိန် အိုဘားမား တို့လည်း နိုဝင်ဘာ ၁၉ ရက်နေ့တွင်
ရောက်ရှိလာမည်ဟု အစီအစဉ်တွင် ဖေါ်ပြထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန်
အနေဖြင့် ၁၈ရက်နေ့တွင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲကိုတက်ရောက်မည်ဖြစ်ပြီး
၁၉ ရက်နေ့တွင် ၇န်ကုန်မြို့သို့ နေ့ခြင်းပြန် ပြန်လာကာ အမေရိကန်သမ္မတ
ဘားရတ် အိုဘားမား နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
၎င်နောက် သမ္မတနှစ်ဦးလုံး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့သို့ ထွက်ခွာကာ
၁၉ရက်နေ့ညနေတွင်ကျင်းပမည့် အမေရိကန် အာဆီယမ်အစည်းဝေးအား
တက်ရောက်ကြမည်ဖြစ်ကြောင်းသတ င်းရရှိသည်။



0 comments:
Post a Comment