Friday, 16 November 2012
မနောမြေအသင်း၏ CEO ဖြစ်သူ ဦးအောင်နိုင်စိုးသည် ပြီးခဲ့သည့်
နိုဝင်ဘာလ(၁၅)ရက်၊ ညပိုင်းက တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဦးအောင်နိုင်စိုးနှင့်အတူ Daily Sports ဂျာနယ်မှ ကိုသက်လွင်နှင့် ကိုသက်ဦးမောင်တို့လည်း ယင်းယာဉ်မတော်တဆမှုတွင် ကွယ်လွန်
ခဲ့ကြောင်း သိရသည်။ ကားပေါ်တွင် လိုက်ပါလာသည့် (၅)ဦးအနက် အားကစားကလောင်ရှင်ဦးဖေဒီနှင့် ကျန်တစ်ဦးမှာမူ ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
"ပြည်မြို့ကပြန်လာပြီး တိုက်ကြီးမြို့နယ်အတွင်းမှာ တစ်ဖက်ယာဉ်ကြော
ကလာတဲ့ ကားကိုရှောင်ရင်း အခုလိုယာဉ်မတော်တဆ ဖြစ်ပွားခဲ့တာပါ"ဟု ယင်းဖြစ်ရပ်တွင်ပါဝင်ခဲ့သူ ဦးဖေဒီက ပြောကြားခဲ့သည်။
ဦးအောင်နိုင်စိုးသည် ယခင်က ပြည်ထောင်စုဒိုင်း ဘောလုံးပြိုင်ပွဲဝင် ကချင်ပြည်နယ်အသင်း၏ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေအသင်းကိုဖွဲ့စည်းပြီး MNL ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရာတွင်လည်း CEO အဖြစ်တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။
eleven media group
"ပြည်မြို့ကပြန်လာပြီး တိုက်ကြီးမြို့နယ်အတွင်းမှာ
ကလာတဲ့ ကားကိုရှောင်ရင်း အခုလိုယာဉ်မတော်တဆ ဖြစ်ပွားခဲ့တာပါ"ဟု ယင်းဖြစ်ရပ်တွင်ပါဝင်ခဲ့သူ ဦးဖေဒီက ပြောကြားခဲ့သည်။
ဦးအောင်နိုင်စိုးသည် ယခင်က ပြည်ထောင်စုဒိုင်း ဘောလုံးပြိုင်ပွဲဝင် ကချင်ပြည်နယ်အသင်း၏ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေအသင်းကိုဖွဲ့စည်းပြီ
eleven media group



0 comments:
Post a Comment