Pages

Sunday, November 18, 2012

နိုင်ငံပိုင် ရေနံချက်စက်ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ မက်သနောစက်ရုံနှင့် ဓာတ်မြေသြဇာ စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် စတင်ပြင်ဆင်ပြီးနောက် သန်လျင်ရေနံချက် စက်ရုံအား နိုင်ငံခြားသား လုပ်ငန်းရှင်များသို့ စတင်လွှဲပြောင်းမည်


Sunday, 18 November 2012

စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် ရေနံချက်စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊မက်သနောစက်ရုံများနှင့် 

ဓာတ်မြေသြဇာ စက်ရုံများအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ဖက်စပ်လုပ်ကိုင်သွားရန်
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နိုင်ငံပိုင် သန်လျင်ရေနံချက်စက်ရုံအား
နိုင်ငံခြားသား လုပ်ငန်းရှင်များသို့ စတင်လွှဲပြောင်းမည်ဖြစ်ကြောင်း စွမ်းအင်စီမံရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

သန်လျင်မြို့ရှိ အမှတ် (၁) ရေနံချက်စက်ရုံအား အဆင်မြင့်မွမ်းမံ
ပြင်ဆင်ကာ ပြည်ပမှ ရေနံစိမ်းများ တင်သွင်းစေမည်ဖြစ်ပြီး အရည်
အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်စေမည်ဖြစ်ကာ ထိုသို့လွှဲပြောင်းပေး
အပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျင်းပပြုလုပ်မည်ြ
ဖြစ်သည်။

ထိုသို့ စက်ရုံတစ်ခုလုံးအား လွှဲပြောင်းမှု မပြုလုပ်စဉ်က အမှတ် (၁)
ရေနံချက်စက်ရုံတွင်ရှိသော စက်ဆီ/ချောဆီ ရောစပ်စက်ရုံအား ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ် ကိုင်ခွင့်ပေးအပ်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာ့ရေနံဓာတုဗေဓ လုပ်ငန်းမှ သတင်းရရှိပါသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိ လည်ပတ်နေသည့် ရေနံချက်စက်ရုံ သုံးရုံရှိပြီး အဆိုပါစက်ရုံများမှာ သန်လျင်ရေနံချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံ၊ သံပုရာကန်ရေနံချက် စက်ရုံများဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းရှိ လက်ရှိလည်ပတ်နေသော ရေနံချက်စက်ရုံသုံးရုံမှာ စတင်လည်ပတ်စဉ်အချိန်က တစ်နေ့လျှင် ရေနံစည် ၅၁၀၀၀ အထိ ချက်လုပ်နိုင်ခဲ့သော်လည်း လက်ရှိကာလတွင် ယခင် ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်နိုင်သည့်အထိ ထုတ်လုပ်နိုင်မှု ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ရေနံထုတ်လုပ်နိုင်မှု ကျဆင်းလာခဲ့သည့်အတွက် ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်နိုင်ရန်နှင့် ထုတ်လုပ်မှုစွမ်းအား ပိုမိုမြှင့်တင်နိုင်ရန် အမှန်တကယ် လုပ်ကိုင်နိုင်သည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့် ပေးအပ်ရာတွင်လည်း
ပြည်တွင်းလုပ်ငန်းများမှာ ရေနံချက်စက်ရုံများ အဆင့်မီ လည်ပတ်နိုင်ရန် အတွေ့အကြုံနှင့် နည်းပညာ အားနည်းချက်ရှိနေသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကိုသာ ဦးစားပေးလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ရခြင်း
ဖြစ်ကြောင်းလည်း စွမ်းအင်စီမံရေး ဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောပါသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်
ရေနံစိမ်းစည် ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားပြီး လက်ရှိလည်ပတ်နေသော စက်ရုံသုံးရုံမှ တစ်နေ့လျှင် ရေနံစိမ်းစည် ၇၅၀၀ နှင့် လေဆီ ၁၁၀၀၀ ထုတ်လုပ်နေကာ အဆိုပါ လေဆီအား သန်လျင်ရေနံချက်စက်ရုံမှ ထုတ်လုပ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Group

0 comments:

Post a Comment