Pages

Thursday, November 22, 2012

ရိုဟင်ဂျာများအရေးဖြေရှင်းရန် ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ နှင့် OIC အတွင်းရေးမှူးချုပ် မြန်မာပြည်လာရန် စီစဉ်နေ

Friday, November 23, 2012

ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့တခုသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအရေး ဖြေရှင်းနိုင်ရန် နည်းလမ်းများနှင့် ပတ်သက်၍
ဆွေးနွေးရန် မြန်မာနိုင်ငံကို လာရောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

Ekmeleddin Ihsanoglu ဦးဆောင်မည့် OIC ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးအချို့ လည်း လိုက်ပါလာကြမည်
ဖြစ်ကြောင်း မလေးရှားအခြေစိုက် Bernama သတင်းတရပ်က ဆိုသည်။

မြန်မာသမ္မတ က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း
အောက်တိုဘာလ ၂၁ ရက်နေ့က ပြောဆိုလိုက်ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြီးစီးသွားသည့် OIC နိုင်ငံခြားရေး ဝန်ကြီးများ
အစည်းအဝေးCFM မှ ထိုခရီးစဉ်သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ရက်ကိုမူ မသတ်မှတ်ရသေးပေ။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုဒဏ်သင့် ဒေသများအတွင်း လူသားချင်း စာနာသောအကူအညီများ လိုအပ်မှုကို ချင့်တွက်ထောက်ဆမည်ဖြစ်ပြီး စီမံကိန်းတရပ် ချမှတ်နိုင်ရန်လည်း မြန်မာအာဏာပိုင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု OIC က ဆိုသည်။

ပင်လယ်နီနှင့် အေဒင် ပယ်လယ်ကွေ့ ထိစပ်သည့် Djibouti တွင်
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကျင်းပသည့် OIC ၏ နိုင်ငံခြားရေး
ဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ နိုင်ငံသား
ဖြစ်ခွင့်နှင့် နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် ဒုက္ခသည်များ အမြန်ဆုံးပြန်လာနိုင်ရေးအတွက် ပိုမိုကြိုးစားအားထုတ်ကြရန် အဖွဲ့ဝင် ၅၇ နိုင်ငံအား တိုက်တွန်းဆော်သြလိုက်သည်။

မဇ္ဈိမ
ရိုဟင်ဂျာများအရေးဖြေရှင်းရန် ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ နှင့် OIC အတွင်းရေးမှူးချုပ် မြန်မာပြည်လာရန် စီစဉ်နေ

0 comments:

Post a Comment