Sunday, 18 November 2012
မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်
နှင့်အမျှ နိုင်ငံခြားသားများမှ မြန်မာကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ
မဖွယ်မရာပြုမှုအန္တရာယ် များပြားလာနိုင်ပြီး အဆိုပါအမှုအခင်းများကို
ကာကွယ်နိုင်ရန် ပုဂံဟိုတယ်ခန်းများတွင် သတိပေးချက်များ စတင်ထုတ်
ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတယ်ဆိုတာ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ပြစ်ဒဏ် ဖြစ်တယ်ဆိုတာကို ဟိုတယ်အခန်းတိုင်းမှာ
နိုင်ငံခြားသားတွေသိအောင် သတိပေးစာရွက်ထားပြီး သတိပေး
ထားတယ်။ အောက်တိုဘာလကတည်းက စတင်လုပ်ဆောင်ထားပါတယ်'' ဟု ၄င်းကပြော ကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ပါဝင်သူများကို လူကုန် ကူးမှုဆိုင်ရာနှင့် ကလေးသူငယ် လိင်ကုန်ကူးမှုများ
ဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပုဂံတွင် မြန်မာ
နိုင်ငံလူကုန်ကူးမှုတားဆီးကာ ကွယ်ရေး ဗဟိုအဖွဲ့က ကြီးမှူးကျင်းပခဲ့သည်။
''လူကုန်ကူးမှုမှာ ကလေးနဲ့အမျိုးသမီးတွေကို ပြစ်မှုကျူးလွန်ရင် ပိုပြီး
အပြစ်ကြီးပါတယ်။ ထောင် ဒဏ်အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်
တစ်ကျွန်းထိ ကျနိုင်ပါတယ်'' ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ဧည့်လမ်းညွှန်နှင့်သွားလာသူ
နိုင်ငံခြားသားများမှာ ကလေးသူငယ်များကို အခကြေးငွေပေးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ရန် အခွင့်အလမ်းနည်းပါးပြီး မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာသွားလာသူ (Free Independent Traveller-FIT) များမှ ပြစ်မှုကျူးလွန်နိုင်ခြေ ပိုများသည်ဟု ခရီးသွား
လုပ်ငန်းအသိုင်းအ၀န်းက သုံးသပ်သည်။
''ခရီးသွား Tourism ကုမ္ပဏီကနေ Package လိုက်ဝယ်ရင် ဧည့်လမ်းညွှန်ပါ တစ်ခါတည်းပါပြီးသားပါ။ ဧည့်လမ်းညွှန်ပါရင်တော့ လုပ်လို့မရတာ များပါတယ်။ အခုက Tourism Police ဖွဲ့စည်းဆောင်ရွက်တော့မှာ
ဆိုတော့ နိုင်ငံခြားခရီးသွားတွေကို ကူညီပေးရုံသာမဟုတ်ဘဲ ကြပ်မတ်နိုင်မယ်လို့လည်း ထင်ပါတယ်'' ဟု ၀ါရင့် ဂျာမန်ဧည့်လမ်းညွှန်
တစ်ဦးဖြစ်သူ ကိုသန်းထွန်းဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း ပညာပေးမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် ကလေး
သူငယ်လူကုန်ကူးမှုများ လျော့ကျလာပြီး ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ရန် မိဘများကိုယ်တိုင်ရောင်းစား
သည့်အမှုများမှာ ၂၀၁၀၊ ၂၀၁၁ ခုနှစ်အတွင်းက စိုးရိမ်ရသည့်အနေထား၌ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် လျော့နည်းသွားသည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရှိရသည်။
'' ၂၀၁၂ ခုနှစ်မှာ လူကုန်ကူးခံရသူ ၁၇၃ ယောက်ကို ကယ်တင်နိုင်ခဲ့တာမှာ ၁၄ ယောက်ပဲ ၁၈ နှစ် အောက် ကလေးပါတယ်။ အားလုံးနဲ့တွက်ရင် ၂၃ ရာခိုင်နှုန်းလောက်ပဲရှိတော့ နည်းလာတယ်လို့ ဆိုနိုင်တာပေါ့'' ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး
ဗဟိုအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ကလေးသူငယ်များအား
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခဲ့သော သမိုင်းကြောင်းရှိသူ နိုင်ငံခြား
သားများ မြန်မာနိုင်ငံအတွင်း မ၀င်ရောက်မီ ကြိုတင်သတင်းရရှိလျှင်လည်း ကြိုတင်တားဆီးကာကွယ်ခဲ့သည်ဟု သိရသည်။
''၁၆ နှစ်အောက် ကလေးသူငယ်တွေကို မဖွယ်မရာလုပ်လို့ အရေးယူခံရတဲ့ မှတ်တမ်းရှိတဲ့ သြစတြေးလျနိုင်ငံသားတစ်ယောက်
မြန်မာနိုင်ငံကို ထိုင်းလေကြောင်းနဲ့လာဖို့ အောက်တိုဘာလတုန်းက စီစဉ်တာကို
ကြိုတင်သတင်းရတယ်။ အဲဒါကြောင့် မြန်မာပြည်တွင်းကို အ၀င်ခံမှာ
မဟုတ်ဘူးလို့ ထိုင်းလေ ကြောင်းကိုပြောလိုက်တာမှာ သူတို့ ရဲ့ကူညီမှုနဲ့ ဘန်ကောက်မှာတင် တားဆီးနိုင်ခဲ့ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါသည်။
Eleven Media Group
ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး
''ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတယ်ဆိုတာ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ပြစ်ဒဏ် ဖြစ်တယ်ဆိုတာကို ဟိုတယ်အခန်းတိုင်းမှာ
နိုင်ငံခြားသားတွေသိအောင် သတိပေးစာရွက်ထားပြီး သတိပေး
ထားတယ်။ အောက်တိုဘာလကတည်းက စတင်လုပ်ဆောင်ထားပါတယ်'' ဟု ၄င်းကပြော ကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ပါဝင်သူများကို လူကုန် ကူးမှုဆိုင်ရာနှင့် ကလေးသူငယ် လိင်ကုန်ကူးမှုများ
ဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပုဂံတွင် မြန်မာ
နိုင်ငံလူကုန်ကူးမှုတားဆီးကာ
''လူကုန်ကူးမှုမှာ ကလေးနဲ့အမျိုးသမီးတွေကို ပြစ်မှုကျူးလွန်ရင် ပိုပြီး
အပြစ်ကြီးပါတယ်။ ထောင် ဒဏ်အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်
တစ်ကျွန်းထိ ကျနိုင်ပါတယ်'' ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ဧည့်လမ်းညွှန်နှင့်သွားလာသူ
နိုင်ငံခြားသားများမှာ ကလေးသူငယ်များကို အခကြေးငွေပေးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ရန် အခွင့်အလမ်းနည်းပါးပြီး မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာသွားလာသူ (Free Independent Traveller-FIT) များမှ ပြစ်မှုကျူးလွန်နိုင်ခြေ ပိုများသည်ဟု ခရီးသွား
လုပ်ငန်းအသိုင်းအ၀န်းက သုံးသပ်သည်။
''ခရီးသွား Tourism ကုမ္ပဏီကနေ Package လိုက်ဝယ်ရင် ဧည့်လမ်းညွှန်ပါ တစ်ခါတည်းပါပြီးသားပါ။ ဧည့်လမ်းညွှန်ပါရင်တော့ လုပ်လို့မရတာ များပါတယ်။ အခုက Tourism Police ဖွဲ့စည်းဆောင်ရွက်တော့မှာ
ဆိုတော့ နိုင်ငံခြားခရီးသွားတွေကို ကူညီပေးရုံသာမဟုတ်ဘဲ ကြပ်မတ်နိုင်မယ်လို့လည်း ထင်ပါတယ်'' ဟု ၀ါရင့် ဂျာမန်ဧည့်လမ်းညွှန်
တစ်ဦးဖြစ်သူ ကိုသန်းထွန်းဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း ပညာပေးမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် ကလေး
သူငယ်လူကုန်ကူးမှုများ လျော့ကျလာပြီး ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ရန် မိဘများကိုယ်တိုင်ရောင်းစား
သည့်အမှုများမှာ ၂၀၁၀၊ ၂၀၁၁ ခုနှစ်အတွင်းက စိုးရိမ်ရသည့်အနေထား၌ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် လျော့နည်းသွားသည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရှိရသည်။
'' ၂၀၁၂ ခုနှစ်မှာ လူကုန်ကူးခံရသူ ၁၇၃ ယောက်ကို ကယ်တင်နိုင်ခဲ့တာမှာ ၁၄ ယောက်ပဲ ၁၈ နှစ် အောက် ကလေးပါတယ်။ အားလုံးနဲ့တွက်ရင် ၂၃ ရာခိုင်နှုန်းလောက်ပဲရှိတော့
သားများ မြန်မာနိုင်ငံအတွင်း မ၀င်ရောက်မီ ကြိုတင်သတင်းရရှိလျှင်လည်း ကြိုတင်တားဆီးကာကွယ်ခဲ့သည်ဟ
''၁၆ နှစ်အောက် ကလေးသူငယ်တွေကို မဖွယ်မရာလုပ်လို့ အရေးယူခံရတဲ့ မှတ်တမ်းရှိတဲ့ သြစတြေးလျနိုင်ငံသားတစ်ယောက
မဟုတ်ဘူးလို့ ထိုင်းလေ ကြောင်းကိုပြောလိုက်တာမှာ သူတို့ ရဲ့ကူညီမှုနဲ့ ဘန်ကောက်မှာတင် တားဆီးနိုင်ခဲ့ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါသည်။
Eleven Media Group



0 comments:
Post a Comment