Pages

Friday, November 16, 2012

ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှုတွင် ကိုယ်ပိုင်ဒီဇိုင်း အကာအကွယ် ရှိရန်အတွက် စဉ်းစားမှုများ ရှိလာ


Friday 16th November 2012

ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိလာပြီး နောက်ပိုင်း
ပြည်ပမှ လာရောက် ရင်းနှီး မြှုပ်နှံကြ သူတွေဟာ နိုင်ငံအတွင်း ကိုယ်ပိုင် ပစ္စည်း ဒီဇိုင်းမူပိုင် အတွက် အာမခံချက် ရှိမှု အတိုင်းအတာကို စဉ်းစားမှု
တွေရှိတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကမ္ဘာ့အသိဥာဏ် ပစ္စည်း မူပိုင်ခွင့် အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်း မီဒီယာများနဲ့
တွေ့ဆုံစဉ် ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

ဒီလို ပြောကြား ခဲ့ရာမှာ ပြည်ပနိုင်ငံ အများစု အတွင်း အသိဥာဏ် ပစ္စည်းဆိုင်ရာ ကိုယ်ပိုင် ထုတ်ကုန်များ၊ ဒီဇိုင်းများ၊ အမှတ် တံဆိပ်များ အတွက် မူပိုင်ခွင့် အာမခံရှိပြီး ပြည်တွင်းမှာ တိကျတဲ့ ဥပဒေ၊ စည်းမျဉ်းတွေ မရှိသေးတဲ့ အတွက် စဉ်းစားစရာ တွေဖြစ်တယ်လို့ ပြောကြား ခဲ့တာ
ဖြစ်ပါတယ်။ ပြည်တွင်းမှာ အဆိုပါ အာမခံချက် ရှိဖို့အတွက်လည်း လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက မူပိုင်ခွင့် ဆိုင်ရာ ဥပဒေကို
ရေးဆွဲ လျက်ရှိနေပြီး ကမ္ဘာ့ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့် အဖွဲ့မှ ကူညီမှုများ၊ အကြံဥာဏ် များပေးအပ် သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

လက်ရှိ မှာတော့ အဆိုပါ အဖွဲ့ဟာ ပြည်တွင်းရှိ UMFCCI နဲ့နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်း ကိစ္စရပ်တွေမှာ အသိဥာဏ် ပစ္စည်းများ မူပိုင်ခွင့် အတွက် ကူညီ ဆောင်ရွက်မှုတွေ ပေးအပ် သွားဖို့ ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ အဖွဲ့ဟာ နောက်ပိုင်း မှာလည်း နိုင်ငံတော် အဆင့် သဘောတူ လက်မှတ် ရေးထိုးမှုတွေ ရှိအောင် ဆောင်ရွက်ပြီး
ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူများ ယုံကြည်မှု ရှိလာအောင် လုပ်ဆောင် သွားမယ်လို့သိရပါတယ်။

MRTV - 4

0 comments:

Post a Comment