Pages

Friday, November 23, 2012

ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ ပုံနှိပ်ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်ခွင့် ရရန် ဆွေးနွေးခဲ့



Friday, November 23, 2012

အခြေခံပညာ သင်ရိုး အတွက် ပြဋ္ဌာန်း စာအုပ်များ ရိုက်နှိပ် ထုတ်ဝေဖြန့်ချိရေး
တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင် ဆောင
်ရွက်ခွင့် ရရှိနိုင်ဖို့အတွက်
နိုဝင်ဘာလ ၂၂ ရက်နေ့က UMFCCI မှာ ပြုလုပ်ခဲ့တဲ့ ပုံနှိပ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြဌာန်း စာအုပ်တွေကို ပုဂ္ဂလိကမှ ပါဝင် ဆောင်ရွက်မှု သာမက ၀န်ကြီးဌာန အလိုက် လိုအပ်မှုကြောင့် ဆောင်ရွက်ရတဲ့ ပုံနှိပ်တိုက် လုပ်ငန်းများ မှာလည်း ၀င်ရောက် လုပ်ကိုင်ခွင့် ရရှိဖို့အတွက်လည်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ပြဋ္ဌာန်း စာအုပ်များ ရိုက်နှိပ် ထုတ်ဝေဖြန့်ချိ ရာမှာတော့ အစိုးရ ပုံနှိပ်စက်ရုံများ အနေနဲ့ သင်ကြားမယ့် စာသင်နှစ် မတိုင်မီ တစ်နှစ်ခန့် ကြိုတင် ရိုက်နှိပ် ဖြန့်ချိမှသာ ကျောင်းသား၊ ကျောင်းသူများ အချိန်မီ ကိုင်ဆောင် အသုံးပြု နိုင်မှာဖြစ် တယ်လို့ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလိုပြဋ္ဌာန်း စာအုပ်များကို ကြိုတင် ရိုက်နှိပ် ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပြဋ္ဌာန်းစာအုပ်များ ပြောင်းလဲ ပြင်ဆင်မှုများ
ပြုလုပ်ပါက ကြိုတင် ရိုက်နှိပ်ပြီး စာအုပ်များရဲ့ တန်ဖိုးများ ဆုံးရှုံးမှု မရှိအောင် ပြင်ဆင် ထားဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အစိုးရ ပုံနှိပ်စက်ရုံများမှာ သာမက ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ပါဝင် ဆောင်ရွက်မယ် ဆိုပါက ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုး တိုးတက်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ပြဋ္ဌာန်း စာအုပ်များကို အသုံးပြုနိုင်မှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံပိုင် ပုံနှိပ်တိုက်နဲ့ ပုဂ္ဂလိက ပုံနှိပ်တိုက်များ ပူးပေါင်းပြီး ပြဋ္ဌာန်း စာအုပ်များ လိုအပ်တဲ့ အချိန်မှာ ရရှိစေဖို့အတွက် လုပ်ဆောင် နိုင်ပါက မလိုလားအပ်တဲ့ ငွေကြေး သုံးစွဲမှုကို ရှောင်ရှား နိုင်ခြင်း၊ ပြဋ္ဌာန်း စာအုပ်များရဲ့ အရည်အသွေး
မြှင့်တင်နိုင်ခြင်း အပြင် SME လုပ်ငန်းများရဲ့ စီးပွားရေး အလားအလာများ တိုးမြှင့် လာခြင်းများ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4

0 comments:

Post a Comment