Pages

Wednesday, November 21, 2012

ဒီမက်တီယိုနေရာအစားထိုးရန် ဘင်နီတက်ဇ်နှင့် ဂွာဒီယိုလာအား ချယ်လ်ဆီးချိန်ရွယ်


Wednesday, 21 November 2012

ချယ်လ်ဆီးအသင်းသည် လက်ရှိမန်နေဂျာ ရောဘတ်တို ဒီမက်တီယိုအား ထုတ်ပယ်ဖြစ်ပါက အစားထိုးရန် လီဗာပူးလ် မန်နေဂျာဟောင်း ရာဖေးလ် ဘင်နီတက်ဇ်အား ချိန်ရွယ်လာခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ချယ်လ်ဆီးမန်နေဂျာ ရာထူးအတွက် ဘာစီလိုနာ နည်းပြဟောင်း ပက်ပ်ဂွာဒီယိုလာအား အဓိက ချိန်ရွယ်

ခဲ့သည်။

သို့သော်လည်း ဂွာဒီယိုလာကို ခေါ်ယူနိုင်ခြင်း မရှိပါက အင်တာမီလန်နှင့် လီဗာပူးလ်တို့ကို ဦးဆောင်ခဲ့ဖူးသော စပိန်သားအား ဒုတိယ ပစ်မှတ်အဖြစ် လျာထားခဲ့ခြင်း ဖြစ်သည်။ ဘင်နီတက်ဇ်သည် လီဗာပူးလ်ကို ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ လတ်တလောတွင်မူ ၎င်းသည် လက်ဆုပ်လက်ကိုင် ကလပ်အသင်း မရှိသေးဘဲ ဖြစ်နေသည်။

ချယ်လ်ဆီးသည် ချန်ပီယံလိဂ်တွင် လက်ရှိချန်ပီယံ ဖြစ်နေသော်လည်း ဂျူဗင်းတပ်စ်အား (၃-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် အုပ်စုအဆင့်မှ ထွက်ခွာရရန် အလွန် နီးစပ်လာခဲ့သည်။ ထို့ကြောင့်လည်း အီတလီသား မန်နေဂျာ ဒီမက်တီယိုအပေါ် ကျရောက်လာသော ဖိအားများသည် ပိုမို အားကောင်းလာခဲ့သည်။ ချယ်လ်ဆီးသည် ပရီးမီးယားလိဂ်တွင်လည်း လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနှင့် ပွဲကျပ် ရင်ဆိုင်ရမည်ဖြစ်ရာ ထိုပွဲသာ ရလဒ်ဆိုးရွားခဲ့ပါက ဒီမက်တီယို၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ အနာဂတ် လုံးဝ ပြီးဆုံးသွားဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားခဲ့သည်။

Soruce: DailyMail
Planet Myanmar Network

0 comments:

Post a Comment