Thursday, 22 November 2012
၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှတင်သွင်းလာသော မော်တော်ယဉ် အရေအတွက် တစ်သိန်းကျော်အပေါ် အခွန်စည်းကြပ်ကောက်ခံမှုမှ ကျပ်သန်းပေါင်း နှစ်သိန်းခွဲကျော် ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ အခွန်စည်းကြပ်ဆောင်ရွက်ခဲ့ေ သာ
မော်တော်ယာဉ်အရေအတွက်မှာ လူစီးယာဉ် ၉၆၈၃၀ စီး၊ ဘတ်စ်ကား ၁၃၄၉ စီး၊ ကုန်တင်ယာဉ် ၄၉၄၀ စီး၊ စုစုပေါင်း ၁၀၃၁၁၉ စီးရှိခဲ့ပြီး တင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အခွန်ကောက်ခံရရှိငွေမှာ ကျပ်သန်း ၂၅၀၁၀၁ ဒသမ ၉၂ ခန့်ဖြစ်ကြောင်း သိရှိရသည်။
အကောက်ခွန် စည်းကြပ်ဆောင်ရွက်ခဲ့သည့် ပြည်ပမှတင်သွင်းလာသည့်
မော်တော်ယာဉ် ၁၀၃၁၁၉ စီးတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး
လဲလှယ်ရေး စီမံချက်ဖြင့် ၅၆၀၈၅ စီး၊ ကားအရောင်းပြခန်းများအတွက် တင်သွင်းလာသည့် မော်တော်ယာဉ် ၂၀၂၈၆ စီး၊ သင်္ဘောသားပါမစ်ဖြင့် ၂၈၇၂ စီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာနပါမစ် ၂၇၈ စီး၊ ကုမ္ပဏီပါမစ် ၆၉၉ စီး၊ ပြည်ပတွင် အလုပ်လုပ်နေသည့် နိုင်ငံသားများအား တင်သွင်းခွင့်
ပေးသည့် ပါမစ် ၄၀ စီး၊ ဟိုတယ်/ခရီး ၀န်ကြီးဌာနပါမစ် ၁၉၇၈ စီး၊ စစ်သံ ၁၀၁ စီးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း တင်သွင်းလာမှု ၂၀၇၈၀ စီး ဖြစ်ကြောင်း သိရှိရသည်။
ပြည်ပမော်တော်ယာဉ် တင်သွင်းမှုများနှင့် ပတ်သက်၍ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် (၂၀) သက်တမ်းကျော်ရှိသည့် ယာဉ်အိုယဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှ အစားထိုးတင်သွင်းခွင့်ပြုခြ င်းကို ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သော သက်တမ်းကြာမြင့်
မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှစပြီး တင်သွင်းခွင့်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ပြည်ပမှ မော်တော်ကားများ တိုက်ရိုက်ဝယ်ယူတင်သွင်းရန် အခက်အခဲရှိသူ
များအား ပြည်တွင်းမော်တော်ကား အရောင်းစင်တာများတွင် ၀ယ်ယူနိုင်ရန်
အတွက် Sale Center များတွင် ၀ယ်ယူခွင့်ပါမစ်များအား ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားငွေ ရရှိထားသူများဖြစ်သည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း
ဆောင်ရွက်နေသော ကုမ္ပဏီ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း
ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ၊ နိုင်ငံခြားတွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် သံတမန်ဝန်ထမ်းများအတွက် ပြည်ပမှ လူစီးမော်တော်ယာဉ်တင်သွင်းရ န် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ စိစစ်ထောက်ခံ ပေးပို့ချက်ဖြင့် မော်တော်ယာဉ် သွင်းကုန်ပါမစ်များကို
၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ၂ရက်မှစတင်၍ မောေ်တ်ာယာဉ်တင်သွင်းခွင့်
ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ခံစိစစ်
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့်ကူးသန်း
ရောင်းဝယ်ရေးဘဏ်နှင့် နိုင်ငံခြားငွေကြေးကိစ္စ ဆောင်ရွက်ခွင့်ရရှိသော ဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ် စုဆောင်းထားသူ အသက် (၁၈) နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်းအား မည်သည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ မည်သည့်ထောက်ခံစာကိုမျှ ရယူတင်ပြရန်မလိုဘဲ
မော်တော်ယဉ်တင်သွင်းခွင့် ပေးခဲ့ကြောင်းလည်း သိရှိရသည်။
Eleven Media Group
မော်တော်ယာဉ်အရေအတွက်မှာ လူစီးယာဉ် ၉၆၈၃၀ စီး၊ ဘတ်စ်ကား ၁၃၄၉ စီး၊ ကုန်တင်ယာဉ် ၄၉၄၀ စီး၊ စုစုပေါင်း ၁၀၃၁၁၉ စီးရှိခဲ့ပြီး တင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အခွန်ကောက်ခံရရှိငွေမှာ ကျပ်သန်း ၂၅၀၁၀၁ ဒသမ ၉၂ ခန့်ဖြစ်ကြောင်း သိရှိရသည်။
အကောက်ခွန် စည်းကြပ်ဆောင်ရွက်ခဲ့သည့် ပြည်ပမှတင်သွင်းလာသည့်
မော်တော်ယာဉ် ၁၀၃၁၁၉ စီးတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး
လဲလှယ်ရေး စီမံချက်ဖြင့် ၅၆၀၈၅ စီး၊ ကားအရောင်းပြခန်းများအတွက် တင်သွင်းလာသည့် မော်တော်ယာဉ် ၂၀၂၈၆ စီး၊ သင်္ဘောသားပါမစ်ဖြင့် ၂၈၇၂ စီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာနပါမစ် ၂၇၈ စီး၊ ကုမ္ပဏီပါမစ် ၆၉၉ စီး၊ ပြည်ပတွင် အလုပ်လုပ်နေသည့် နိုင်ငံသားများအား တင်သွင်းခွင့်
ပေးသည့် ပါမစ် ၄၀ စီး၊ ဟိုတယ်/ခရီး ၀န်ကြီးဌာနပါမစ် ၁၉၇၈ စီး၊ စစ်သံ ၁၀၁ စီးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း တင်သွင်းလာမှု ၂၀၇၈၀ စီး ဖြစ်ကြောင်း သိရှိရသည်။
ပြည်ပမော်တော်ယာဉ် တင်သွင်းမှုများနှင့် ပတ်သက်၍ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် (၂၀) သက်တမ်းကျော်ရှိသည့် ယာဉ်အိုယဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှ အစားထိုးတင်သွင်းခွင့်ပြုခြ
မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှစပြီး တင်သွင်းခွင့်ပေးခဲ့ကြောင်း
ပြည်ပမှ မော်တော်ကားများ တိုက်ရိုက်ဝယ်ယူတင်သွင်းရန်
များအား ပြည်တွင်းမော်တော်ကား အရောင်းစင်တာများတွင် ၀ယ်ယူနိုင်ရန်
အတွက် Sale Center များတွင် ၀ယ်ယူခွင့်ပါမစ်များအား ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားငွေ ရရှိထားသူများဖြစ်သည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း
ဆောင်ရွက်နေသော ကုမ္ပဏီ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း
ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ၊ နိုင်ငံခြားတွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် သံတမန်ဝန်ထမ်းများအတွက် ပြည်ပမှ လူစီးမော်တော်ယာဉ်တင်သွင်းရ
၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ၂ရက်မှစတင်၍ မောေ်တ်ာယာဉ်တင်သွင်းခွင့်
ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ခံစိစစ်
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု
ရောင်းဝယ်ရေးဘဏ်နှင့် နိုင်ငံခြားငွေကြေးကိစ္စ ဆောင်ရွက်ခွင့်ရရှိသော ဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လ
မော်တော်ယဉ်တင်သွင်းခွင့် ပေးခဲ့ကြောင်းလည်း သိရှိရသည်။
Eleven Media Group



0 comments:
Post a Comment