Thursday, 22 November 2012
ယခုနှစ် ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နယ်စပ် ကုန်သွယ်ရေး စခန်း တစ်ချို့ကို ဖွင့်လှစ်ဖို့ အတွက် စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ နယ်စပ် ကုန်သွယ်ရေး
ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဖွင့်လှစ်ရာ မှာတော့ တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်းရှိ
မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်း ကိုတော့ လာမယ့် ဒီဇင်ဘာလကုန် ခန့်မှာ ဖွင့်လှစ်ဖို့ အတွက် စီစဉ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးရဲ့ ခွင့်ပြုချက် ကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ကယား ပြည်နယ် မယ်စဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ဖို့ အတွက်လည်း နိုင်ငံတော် သမ္မတရုံးရဲ့ ခွင့်ပြုချက်ကို ရရှိထားပြီး နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများနဲ့ ကွင်းဆင်း လေ့လာမှု များကို ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ အဆိုပါ မယ်စဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းကိုတော့ ၂၀၁၃ ခုနှစ် ဆန်းပိုင်းမှာ ဖွင့်လှစ်ဖို့ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ် ခရိုင်အတွင်းရှိ ထီးစီး နယ်စပ် ကုန်သွယ်ရေး စခန်း ကိုလည်း ဖွင့်လှစ် သွားဖို့ အတွက် စီစဉ် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော် သမ္မတရုံးရဲ့ ခွင့်ပြုချက် မရရှိသေးဘူး ဖြစ်ပါတယ်။
အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ် ရခြင်းမှာ တရားမ၀င် သွားရောက် နေတဲ့ မှောင်ခိုများကို တရားဝင် ဖြစ်စေဖို့၊ တစ်ဖက်ကမ်းကို တရားမ၀င် အလုပ်သွားရောက် လုပ်ကိုင်မှုများ မရှိစေဖို့၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲ နွမ်းပါးမှု လျော့ချရေး၊ မိမိနိုင်ငံ အတွင်း စီးပွားရေး ဈေးကွက် ဖြစ်ထွန်းရေး အစရှိတဲ့ ရည်ရွယ်ချက် များနဲ့
ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ယခု လက်ရှိ ထိုင်း-မြန်မာ နယ်စပ်မှာ နယ်စပ် ကုန်သွယ်ရေး စခန်း အနေနဲ့ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း စတဲ့ နယ်စပ် ကုန်သွယ်ရေး စခန်း ၃ ခုရှိနေတာ ဖြစ်ပြီး ထပ်မံ ဖွင့်လှစ်မယ့် ၃ ခုနဲ့ ၆ ခုရှိတာ ဖြစ်ပါတယ်။ မြန်မာ တစ်နိုင်ငံလုံး မှာတော့ နယ်စပ် ကုန်သွယ်ရေး စခန်း ၁၁ ခု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV - 4

0 comments:
Post a Comment