Pages

Sunday, November 18, 2012

အကောက်ခွန်မဲ့ အမဲသားခြောက်များ ဖမ်းဆီးရမိ



Sunday, 18 November 2012

၁၇-၁၁-၂ဝ၁၂ ရက်နေ့ ဝ၈၃ဝ အချိန်၌ ရှမ်းပြည်နယ်၊ လားရှိုးမြို့
အထွက် ဟိုပိတ်ရွာအနီး ကားလမ်းဘေးတွင် ရပ်ထားသော ယာဉ်မောင်း နိုင်နိုင်(၄၁)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုမင်း(၂၂)နှစ် လိုက်ပါလာသည့် အားသစ်ယာဉ်လိုင်းမှ ၄ခ/၇၈၂၇ မှန်လုံယာဉ်အား လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး မိုးဇော်လင်း ဦးစီးပူးပေါင်းအဖွဲ့မှ မသင်္ကာဖွယ်တွေ့ရှိစစ်ဆေး
ခဲ့ရာ စက္ကူဂျက်ဖာများဖြင့် ထည့်လျက် အမဲသားခြောက် (၁၄ဝ)ဖာ၊ စုစုပေါင်း (၈၄ဝ) ပိသာခန့်၊ တန်ဖိုးငွေ ၈၄ဝဝဝဝဝကျပ်ခန့်အား တွေ့ရှိသဖြင့် စစ်မေးရာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက် တင်ပို့မည့် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် နိုင်နိုင်နှင့် ကိုမင်းတို့ (၂)ဦးအား ဝ၉၃ဝ အချိန် လားရှိုးအမှတ်(၂) ရဲစခန်း (ပ) ၁၄၂/၂ဝ၁၂ ပို့ကုန်/ သွင်းကုန် ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

0 comments:

Post a Comment