“ ဆရာမ သားကို ဟိုအကိုကြီးကပြောတယ် “ငရဲကြီးတော့ ငရဲလေးကို နိုင် ရတာပေါ့” တဲ့
အဲဒါ ဟုတ်လား - ဘာကိုဆိုလိုတာလဲ - ကျနော်သိချင်လို.ပါ ”
အထက(၂) ပန်းပဲတန်း က ကျမရဲ့ တပည့် ၈-တန်း ကျောင်းသားလေးက မေးခဲ့ဖူးတာပါ ။
ဒီ ယောကျားလေး ၂၀ - ကျော် ရှိတဲ့ အတ္ထမတန်း ( ၈-တန်း) မှာ ကျမ က အတန်းပိုင် ။
လူဆိုးအတန်း လို. ခေါ်ကြတဲ့ အတန်းကို အပိုင်စားရတဲ့ ကျမကိုတော့ သူတို.လေးတွေက
မဆိုးကြရှာပါဘူး ။ အကြောင်းရှိရင် မိခင် တစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိကြပါ
တယ် ။ သင်စရာကို အသေအချာသင်ပြပေးလေ့ရှိပြီး ဆုံးမစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြော
ဆိုဆုံးမသလို ရိုက်စရာရှိရင်လည်း ပုဆိုးကိုဒူးအထိ မ တင်ခိုင်းပြီး ခြေသလုံးမှာအရှိုးရာထင်
တဲ့ အထိ ရိုက်လေ့ရှိတဲ့ကျမကို သူတို.လေးတွေက ချစ်ကြောက် ရိုသေကြမြဲပါ ။
“ မင်းက ဘာသွားပြောလို.လဲ- မောင်သိန်းဝင်းရယ် ”၊
၁၆ -နှစ် သာရှိသေးတဲ့ ကျောင်းသားလေးက ကျမရဲ့ အမေးကို ချက်ခြင်း အဖြေမပေးပါ ။
“ ပြောလေကွယ် - မင်းက ပြောလို. သူက ဒီလိုပြောတာမဟုတ်လား”
“ ဟုတ်- ဟုတ်ပါတယ် ။ ကျနော်က သူတို.အိမ်နားက အရက်သမား ဦးလေးကြီးကို
သွားပြီး( အဖိုးကြီး သေခါနီးပြီ - အရက်တွေသိပ်မသောက်နဲ.) လို.ပြောမိတာ-အဖိုးကြီး
ရဲ့သမီးက(ဟဲ့ -သိန်းဝင်း -နင့်အဖေလောက်ရှိတဲ့ လူကြီးကို ဒီလို မပြောရဘူး-နင်ငရဲကြီး
လိမ့်မယ်)တဲ့ ။
အဲဒါကိုကြားတဲ့ အကိုကြီးက “ ငရဲကြီးတော့ ငရဲလေးကို နိုင် ရတာပေါ့ကွာ ” တဲ့ ။
သူ ဒီလိုပြောနေတဲ့ အချိန်မှာပဲ ကျောင်းတက် ခေါင်းလောင်းသံကြားရပါတယ် ။
“ကဲ-ကဲ- ကျောင်းလည်းတက်ပြီ ။ ကျောင်းသားတွေ အားလုံးစုံတော့မှ ဒီကိစ္စကိုဆက်
ရှင်းပြမယ် ” –
တကယ်တော့ ကျမရဲ့ ရည်ရွယ်ချက်က ဒီကိစ္စနဲ. ပတ်သက်ပြီး တစ်တန်းလုံးကို နားလည်စေ
ချင်တဲ့ စေတနာဖြစ်ပါတယ် ။ ကျောင်းသားတွေ စုံလို. ထုံးစံအတိုင်း ဒုတိယအကြိမ် နာမယ်
စာရင်းခေါ် ( လာ-မလာ လူစာရင်းစစ်) ပြီးတဲ့အခါ ကျမကပဲ စတင်လိုက်ပါတယ် ။
“ ကဲ - ဒီနေ. မင်းတို.အားလုံးကို မေးစရာရှိတယ် ။ မှန်မှန်ဖြေကြနော် - ငရဲကြီးတယ်
ဆိုတာကြားဖူးကြလား ”
“ ဟုတ်ကဲ့- ကြားဖူးပါတယ်ဆရာမ ” –
“ အေး- ဟုတ်ပြီ ၊ အဲဒီ ငရဲကြီးတယ်ဆိုတာ ဘာလဲ နားကော နားလည်ကြရဲ့လား ” –
သူတို.လေးတွေဆီက ဘာသံမျှ ထွက်မလာပါ ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ကြောင်တောင်တောင်ဖြစ်သွားကြတာ တွေ.ရပါတယ် ။
“ မောင်သိန်းဝင်း ပြောလေကွယ် ” ကျမကို စိုက်ကြည့်နေတဲ့ မောင်သိန်းဝင်းဟာ သူ.နာ
မယ်ခေါ်သံကြားရာမှာ ကဗျာကယာနဲ.-
“ မ - မသိပါဘူးဆရာမ ” -
ကျန်တဲ့ ကျောင်းသားတွေကလည်း တစ်သံတည်းပါပဲ ။ နားမလည်ကြပါဘူးတဲ့ ။
“ အေး-ကွဲ. လူတွေက ငရဲကြီးမယ်-ငရဲကြီးမယ် နဲ.ပြောကြတယ်။ အပြောခံရသူတွေအ
နေနဲ.သေသေချာချာ ရှင်းရှင်းလင်းလင်းနားလည်တဲ့သူရယ်လို.နည်းပါးလွန်းတာတွေ.ရတယ် ။
စောစောက မောင်သိန်းဝင်းကို ကောင်လေးတစ်ယောက်က ပြောလိုက်တယ် ဆိုလားပဲ -
ဘာတဲ့ - " ငရဲကြီးတော့ ငရဲလေးကို နိုင်ရတာပေါ့ တဲ့ ” ဟုတ်ပါတယ်နော်- မောင်သိန်းဝင်း ”
“ဟုတ်ကဲ့ -ဒီအတိုင်းပြောပါတယ် ”
“ အင်း -- တချို.ကလည်းပြောကြသေးတယ် - ငရဲကြီးရင် ဖရဲသီးစားရမယ်” တဲ့ ။ ထင်ရာ
တွေရှောက်ပြီး ရမ်းသမ်းပြောကြတာတွေပေါ့ ။
“ ဟုတ်တယ်ဆရာမ - အမေတို. ပြောတာကတော့ ( ဒီဘဝက သေပြီး နောက်ဘဝကျရင်
ငရဲပြည်က သံပူဒယ်အိုးထဲမှာ အကြော်ခံရမှာတဲ့ ။ ကြောက်စရာကြီးနော် ”
“တကယ်တော့ ငရဲကြီးတယ်ဆိုတာ အခုဘဝက သေပြီး နောင်ဘဝရောက်မှ ခံရမှာမဟုတ်
ဘူး - ဒီဘဝမှာတင်ပဲ ခံကြရလိမ့်မယ် ”
“ ဟင်- အခုဘဝမှာပဲ သံဒယ်အိုးထဲမှာ အကြော်ခံရမှာလားဆရာမ - ကြောက်စရာကြီးနော် ”
“ သံပူဒယ်အိုးထဲမှာ ထည့်ပြီး အကြော်မခံရသေးခင် အဲဒီထက်ကြီးတဲ့ ဆိုးဝါးတဲ့ ဆင်းရဲဒုက္ခ
မျိုးစုံတွေကို ဒီဘဝမှာတွင် တစိမ့်စိမ့် ခံစားရမှာကိုပြောတာပါ ”
“ အမလေး- ကြောက်စရာကြီးပါလား ”
“ အေး-ဟုတ်တယ် ၊ တကယ်သိပြီး တကယ်တွေးရင် သိပ်ကြောက်စရာကောင်းတာပေါ့ကွယ်”
“ကျနော် သိပ်နားမလည်လို. ရှင်းပြပေးပါလားဆရာမရယ် ”
“ ဟုတ်ပါတယ် - စိုးဝင်းကျော်လိုပဲ ကျနော်လည်း နားမလည်လို. ရှင်းပြပါဆရာမ”
“ ဟုတ်ပါပြီ - ဒီနေ.သင်ရမှာကလည်း မြန်မာစာမှာပါတဲ့ ( ယဉ်ကျေးမှုအစဉ်အလာ) ဆိုတော့
အတော်ပဲပေါ့ - - တို.များဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာ "ဗြဟ္မစိုရ်တရား ” ကို ဦးထိပ်ထား
ကြရတယ် ။ ဒီ ငရဲကြီး တယ်ဆိုတာနဲ. ပါတ်သက်ပြီးပြောရရင်တော့ ကြီးသူကိုရိုသေ ဖို.အရေး
ကြီးတယ် ။ ဒါမှ ငရဲက ကင်းလွတ် မှာလေ ။ ကဲ - မောင်သိန်းဝင်း စောစောက မင်းပြောခဲ့တဲ့
အရက်အမြဲ သောက်နေတယ် ဆိုတဲ့ လူကြီး က အသက်ဘယ်လောက်ရှိမလဲ ”
မောင်သိန်းဝင်းက ချက်ချင်းမဖြေနိုင်ပါ ။ နည်းနည်းစဉ်းစားလိုက်ပြီးမှ -
“ ကျနော့် အထင်တော့ ၅၀ ကျော်လောက်ရှိပါပြီ ”
“ဟုတ်ပါပြီ - အသက်ငါးဆယ်ကျော်ဆိုတော့ မင်းရဲ့ အဖေလောက်ရှိပြီပေါ့ ”
“ဟုတ်ကဲ့ - အဖေ့ထက်တောင် ကြီးမယ်ထင်ပါတယ် ”
“အင်းလေ- ဒီလို ကိုယ့်ထက်အသက်ကြီးသူတစ်ယောက်ကို မလေးမစားနဲ"အဖိုးကြီး သေခါ
နီးနေပြီ - အရက်တွေသိပ်မသောက်နဲ.) လို.ပြောတာ ငရဲကြီးတာပေါ့ ”
“ ဒါဆိုရင် ဘာဖြစ်မလဲဟင် ဆရာမ ”
“ အင်း ခုချက်ခြင်းကြီးတော့ ဘာမှဖြစ်မှာမဟုတ်ပါဘူး ။ အင်း-- ဒါပေမဲ့--”
မောင်သိန်းဝင်းခမြာ အစိုးရိမ်လွန်ပြီး မျက်နှာအတော်ပျက်နေရှာပါပြီ ။ သူ.ခမြာဟန်မ
ဆောင်နိုင်တဲ့အဆုံး-- ငိုသံကြီးနဲ.မေးလာပါတာ့တယ် ။
“ ဘယ်တော့ - ဘာတွေဖြစ်မှာလဲ ဟင်၊ ဒီလိုမဖြစ်အောင် ကျနော် ဘာလုပ်ရမလဲဆရာမ ”
“ မင်းအနေနဲ. အမှန်ကိုမြင်ပြီး သွားတောင်းပန်လိုက်လို. ဟိုလူကြီးက ကျေနပ်သွားတယ်
ဆိုရင် မင်းအပြစ်က လွတ်နိုင်ပါတယ် ”
“ဟာ--ဒါဆိုရင် -ကျနော်သွားပြီး တောင်းပန်လိုက်ပါ့မယ် ”
“ဘာတွေဖြစ်နိုင်တယ်ဆိုတာလေးတော့ ရှင်းပြပေးပါအုံး(ဦး)ဆရာမရယ် ”
“အေးပါ စိုးဝင်းကျော်ရယ် - ဒီလိုလေ -- အခုဘဝမှာ ငရဲခံရ တယ်ဆိုတာက အဲဒီလို လူကြီး
သူမတွေကို "(ကာယကံ- ဝစီကံ- မနောကံ) တစ်ပါးပါး(တစ်ခုခု) နဲ.ပြောဆို ပြစ်မှား-စော်ကား
မိသူများဟာ ဘယ်လောက်ပဲ ပညာတွေ တတ်နေပါစေ ၊ ပစ္စည်းဥစ္စာတွေ ပေါများကြွယ်ဝနေ
ပါစေ - သူတို.ရဲ့ ဘဝမှာ စိတ်ရဲ့ ချမ်းသာမှု ဒါမှမဟုတ် ကိုယ်ရဲ့ ကျန်းမာမှု တစ်ခုခုကတော့
ချွတ်ယွင်းနေလိမ့်မယ်။ အိမ်ထောင်ရေး မိသားစုရေး မသာယာတာ - ကျန်းမာရေး ချို.တည့်ပြီး
မစားနိုင်၊ မအိပ်နိုင်ဖြစ်တာ စသဖြင့် စိတ်မချမ်းသာစရာတွေနဲ.ပဲ ရင်ဆိုင် ကြုံတွေ.ကြရလိမ့်မယ် ”
“ အမြဲစိတ်ဆင်းရဲနေရမှာပေါ့နော် ”
“ဟုတ်တယ်လေ- "လောကငရဲ- မျက်မှောက်ငရဲ ခံနေရပြီကိုး။ သူများပျော်လို.လည်း မပျော်နိုင်-
သူများစားလို.လည်း မစားနိုင်တဲ့ ဘဝပေါ့ ။ ကိုယ်က အကောင်းပြော - အကောင်းလုပ်ပေမဲ့
ဘယ်သူကမှ အကောင်းမထင် ၊ အကောင်းမပြောကြတော့ဘူး ။ အသောက်အစား-အပျော်
အပါးများတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ.ပဲ တွေ.မယ် ။ သူကိုယ်တိုင်ကလည်း အဲဒီလို
အပေါင်းအသင်မျိုးတွေကိုပဲ အဟုတ်ကြီးထင်မယ် ။ ဘယ်သူကမှ အမှန်ပြောပြလို.- နားချလို.
မရနိုင်တော့ဘူး။ သူလုပ်တာပဲ သူ.ဟာသူ အကောင်းထင် အကောင်းမြင်မယ် ။ မကောင်းတဲ့
အတွေးအခေါ်တွေတွေး ပြီး မကောင်းတဲ့လမ်းကိုပဲရွေးမယ်။ ဘယ်သူပြောပြော နားမဝင်ဘူး ။
လုပ်နေတဲ့ အလုပ်ကောင်းတွေကိုလည်း မကောင်းဘူး လို.မြင်ပြီး အဲဒီ ကောင်းနေတဲ့ အလုပ်
တွေကိုရပ်ပြစ်မယ် - ထွက်ပြစ်မယ် ။ မမြင်ရသေးတဲ့ အလုပ်တွေကို အတွေးနဲ.မျှော်ပြီး ပိုပြီးရ
မယ်အထင်နဲ.ရှောက်ပြီး စွတ်လုပ်မယ် ။ နောက်ဆုံး ဘဝပါဆုံးပြီး လူလုံးမလှဖြစ်ရတော့မယ်
လေ ။ အဲဒါ လောကငရဲ ပေါ့ ”
“ကြောက်စရာကြီးနော် ”
“ ဟုတ်တယ် - တွေးတတ်ရင် သိပ်ကြောက်စရာကောင်းတာပေါ့ ။ ဒါ့ကြောင့် ကိုယ့်ထက်အ
သက်ကြီးတဲ့ လူကြီးတွေဆိုရင် သူတို. ဘယ်လောက်ပဲ အမှားတွေ လုပ်နေပါစေ လူငယ်တွေ
အနေနဲ. စိတ်နဲ.တောင် မပြစ်မှားသင့်ဘူး ။ သူ.အမှား-သူ.ကိစ္စနဲ.သူ တစ်နေ.နေ. တစ်ချိန်
ချိန်မှာ သူ.ဟာသူ ခံစရာရှိရင် ခံသွားလိမ့်ရမယ် ။ အလကားနေရင်း ငရဲ မရှာသင့်ဘူး။ သူများရဲ့
အ ကုသိုလ် ကို အလိုလို ဝင်ပြီး မခံယူသင့်ဘူး ။ သူများယောင်တိုင်း လိုက် မယောင်သင့်ဘူး ။
အမှား အမှန် ဆိုတာကို မိမိရဲ့ ကိုယ်ပိုင်ဉာဏ်နဲ. ဆင်ခြင်ပြီးမှ ဆုံးဖြတ်သင့်တယ် ”
“နားလည်ကြပါတယ်နော် ”
“ဟုတ်ကဲ့ - နားလည်ပါတယ် ဆရာမ”
“ အေး--စောစောက ပြောခဲ့သလိုပဲ - မောင်သိန်းဝင်းအနေနဲ.လည်း ဟို အရက်သောက်နေတဲ့
လူကြီးတစ်ယောက်ကို " အဖိုးကြီး သေခါနီးပြီ - ဘာ- ညာ နဲ. ပြောတာ သက်သက် ငရဲအိုးကို
လက်နဲ.သွားထိုးတာပဲ ။ သူအမှားလုပ်နေတာမှန်ပေမဲ့ ကိုယ့်ထက်အသက်ကြီးတယ်လေ ၊ မ
လေးမစားနဲ. မပြောအပ်ပေဘူး - နားလည်ပါတယ်နော် ” - ဒီအခါ စိုးဝင်းကျော်က
”ဟုတ်ကဲ့ပါ - သိန်းဝင်းကို ကျနော်ခေါ်သွားပြီး ဦးလေးကြီးကို တောင်းပန်လိုက်ပါ့မယ် ဆရာမ”
တဲ့ ။
တကယ်တော့ ဒီလိုလူငယ်လေးတွေကို အမြင်မှန်ရလာအောင် ရှင်းလင်းပြောပြပေးရမှာက ကျမ
တို.လူကြီးတွေရဲ့ ဘဝပေးတာဝန်ပါ ။ တချို. လေးတွေဆိုရင် သူတို.ကိုယ်သူတို. အဟုတ်ကြီးထင်
ဘဝင်တွေမြင့်ပြီး ထင်ရာစိုင်းနေကြတာတွေ.ရပါတယ် ။ ဒီလို လူကြီးစကားနားမဝင် ကိုယ်ထင်ရာ
ကိုယ်စိုင်းကြတဲ့အတွက် ဘဝပျက်ပြီး တစ်သက်တာ မျက်နှာငယ်ကြရတာကိုလည်း တွေ.နေ မြင်
နေရပါတယ် ။ မိမိရဲ့ သင့်တင်စွာရပ်တည်နေရတဲ့ လက်ရှိဘဝကို အဆိုးမြင် ဘဝင်မကျဖြစ်ပြီး အ
ထင်ကြီးတစ်ခွဲသားနဲ. မမြင်ရသေးတဲ့ (စိတ်ကူးယဉ်တွေးနဲ.အလုပ်နဲ.) ကြီးပွား ချမ်းသာမှုကို မက်
မောကာ လက်ရှိအလုပ်ကို စွန်.ပြစ်မိတဲ့အတွက် တကယ်တမ်းကျတော့ အထင်နဲ.အမြင် လွဲနေတာ
ကြောင့် အမှောက်မှောက် အမှားမှားတွေကြုံတွေ.ကြရတာကိုလည်း တွေ.နေရပါတယ် ။
အမှန်တော့ ဒါတွေဟာ ငရဲကြီးနေတာပါ ။ မတွေးကောင်း-မလုပ်ကောင်းတာတွေကို အဟုတ်ကြီး
ထင်ပြီး ရှောက်လုပ်မိကြတာကလည်း (မကောင်းတဲ့လမ်းကိုရွေးမိတာကလည်း) ငရဲကြီးတာပါပဲ ။
လောကငရဲလို.ဆိုရမှာပါ ။ ဒီလို အမှားတွေတွေး - အမှားတွေလုပ်မှလည်း ငရဲ ခံရမှာကိုး။
မကောင်းတဲ့ အပေါင်းအသင်းတွေနဲ.တွေ.မယ်။ မကောင်းတဲ့လမ်းကိုလိုက်မိမယ် ။ တတ်
သိနားလည်တဲ့ လူကြီးတွေအကောင်းပြောလည်း အကောင်းမထင် အကောင်းမမြင် ။ လက်
ရှိကောင်းနေတဲ့ အလုပ်တွေကို မကောင်းထင်ပြီးစွန်.လွှတ်ပြစ်မယ် ။ မမြင်ရ - မစ ရသေး
တဲ့အလုပ်တွေကို အထင်တကြီးနဲ.လုပ်မယ် ။ အထင်နဲ.အမြင် လွဲမှန်သိတော့ အားလုံးက
သိပ်ကို နောက်ကျသွားပြီ ။ ဆုံးရှုံးမှုတွေနဲ. ရင်ဆိုင်လိုက်ရပြီ ။ ဘဝပျက်ပြီ ။
အဲဒါ လောက ငရဲ ပါပဲ ။
အထူးသတိပြုမိကြဖို.လိုပါတယ် ။
0 comments:
Post a Comment