Pages

Friday, February 11, 2011

ထွန်မေ့ခြင်း


အမေ့သားမောင်၊ပေါကြောင်ကြောင်
ရီးစားနတ္တိ၊ လွန်ပျင်းရိ၏..။

တစ်နေ့သောအခါ၊ကားမှတ်တိုင်ဝယ်
တွေ့လျှင်သဘောကျ၊ အပျိုလှလည်း..။

ပိုးမည်ပန်းမည်၊အတွေးစီလျက်
ညရေးအိပ်ပျက်၊ကြိုစားချက်..။

မနက်မိုးသောက်၊အရုဏ်ရောက်သော်
ပြန်ဆုံလျှင်အပျိုချော၊ငါလေဖောအံ့..။

အားကြိတ်မာန်ကျူံး၊စိတ်ချဒုန်းဒုန်း
မှတ်တိုင်လမ်းထိပ်၊ရန်ခုန်ဒိတ်ဒိတ်..။

ရောက်လျှင်တောင်မြောက်၊ကျီးကန်းဒေါင်းမှောက်
စေ့စေ့ရှာလည်း၊၀ါးတားနေဆဲ..။

ညပျက်အိပ်ရေး၊မရခဲ့တစ်မှေး
ကြောင်နေမျက်စိ၊မမြင်သောအကြည့်ကြောင့်..။

ဟိုလိုသူလား၊ဒီကညာလည်းဖြစ်နိုင်
အရောင်စုံကြားထဲ၊မှောက်ပြီငါးပါး..။

လယ်ထွန်နွားမေ့၊ပြောကြစကား
ထူးခြားငါ့မှာ၊ထွန်ပျောက်သူတကား..။

မှတ်ချက်။ ။အဖြစ်မှန်မဟုတ်ပါ..။

0 comments:

Post a Comment