
မြန်မာ လူငယ် အဆိုကျော် အီတိုး ရဲ့ လက်ထပ်မင်္ဂလာပွဲ ကို အောက်တိုဘာ ၂၅ ရက်နေ့က ရန်ကုန် Sedona Hotel မှာ စည်ကားစွာ ကျင်းပခဲ့ပါတယ်။ အဆိုတော် အီတိုး ဟာ နာမည်ကြီး မြန်မာ အဆိုကျော် ဇော်ဝင်းထွဋ် ရဲ့ တစ်ဦးတည်းသော ဂီတ အမွေဆက်ခံသူ သား ဖြစ်ပါတယ်။ အဆိုတော် အီတိုးကတော့ သူ အိမ်ထောင်ရေး အတွက် အချိန်ပေးရတော့မှာ ဖြစ်ပေမဲ့ သူချစ်တဲ့ သီချင်း၊ ဂီတ တွေကိုတော့ သူ့အဖေလို အောင်မြင်အောင် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဇနီးချော မြင့်မြတ်သူ ကလည်း သူ့ အနုပညာလုပ်ငန်းတွေမှာ အားပေးမှု ရှိမှာပါလို့ ဆိုပါတယ်။
0 comments:
Post a Comment