Pages

Friday, February 11, 2011

ကလေးဥာဏ်


ဒါကတော့ဟာသလေးပါ..။

တစ်နေ့မှာ အဖွားအိုတစ်ဦးဟာ ပန်းခြံလေးတစ်ခုထဲက ခုံတန်းလေးတစ်ခုမှာထိုင်ပြီးအနားယူနေတယ်တဲ့။အဲဒီအချိန်မှာပဲ ကလေးတစ်ယောက်ကလက်ကလေးနောက်ပစ်လို့ ပြေးလာပြီးမေးသတဲ့လေ..။

လေး ။ ။ အဖွား..အဖွား..၊အဖွားသွားတွေကောင်းသေးလားဟင်..။

ဖွား ။ ။အင်း..ငါ့မြေးလေးရယ်..။အဖွားမှာသွားတွေက သိပ်မကျန်တော့ပါဘူးကွယ်..။

လေး ။ ။ဒါဆို အဖွားသစ်ကြားသီးစားလို့မရတော့ဘူးပေါ့နော်..။

ဖွား ။ ။အို..ငါ့မြေးရယ်၊ ဘယ်စားလို့ရတော့မှာလဲကွယ်..။

လေး ။ ။ဟာ..(အလွန်ဝမ်းသာသွားဟန်ဖြင့်)..ဒါဆိုအတော်ဘဲ..။အဖွားကျွန်တော့် သစ်ကြားသီးတွေ ခဏယူထားပေးနော်..။ကျွန်တော် ဟိုနားက သူငယ်ချင်းတွေနဲ့ သွားကစားလိုက်ဦးမယ်..။….တဲ့လေ။

ကဲ..ကလေးဆိုပြီးလျော့တော့မတွက်ကြနဲ့နော်..။

0 comments:

Post a Comment