Pages

Monday, February 7, 2011

မိုးတိမ် ပုံပြင်

မေမေ့ရဲ့
မေတ္တာပင်လယ်ကြီးကနေ
သံယောဇဉ်ရေခိုးရေငွေ့လေးတွေနဲ့
ကျွန်တော်တို့အတွက်
မျှော်လင့်ချက်မိုးတိမ်တွေကို
မျှော်လင့်ခြင်းမဲ့စွာ
ဖြစ်တည်စေခဲ့...။

အချိန်တန် အရွယ်ရောက်
အခါအခွင့်သင့်လို့
မိုးရေစက်တွေအဖြစ်
ပြန်ရွာချမယ့်အချိန်မှာတော့
မြေပြင်.......
တောင်တန်း......
တောအုပ်.......
တို့ရဲ့ မာယာတွေကြား
ခုန်ဆင်းကာ မွေ့ပျော်ခဲ့....။

ဘ၀ အနိမ့်အမြင့်မှာ
တစ်လှည့်စီ စီးဆင်းရင်း
ကျွန်တော်တို့ရဲ့
ငါးရာ နှစ်ဆယ့် ရှစ်စင်းသော မြစ်တွေက
လောကဓံဆိုတဲ့ တာတမံတွေကြား
မိခင်ပင်လယ်ကြီးထဲစီးဝင်ဖို့
ခက်ခဲခဲ့ရပြီလေ ..။

အခုတော့
မိုးကောင်းကင်ကြီးဆီက
မိုးတိမ်တွေကို မော့ကြည့်ရင်း
မှာတမ်းတွေချွေနေမိတယ်
“ မင်းတို့ မိုးတွေအဖြစ်ပြန်ရွာချရင်
မိခင် ပင်လယ်ကြီးထဲရောက်အောင်
ရွာချပါ ” လို့....။

0 comments:

Post a Comment