Pages

Tuesday, February 15, 2011

"အမေဟုခေါ်သည်"


“ ကမ္ဘာကြီး ကမ္ဘာကြီး တွေမှာ

အာဒံနဲ့ ဧ၀ က စတယ် ပြောပြော

ဗြဗ္မာကြီး လေးဦး က စတယ်ပြောပြော

သူတို့ထဲမှာ “ အမေ“ ဆိုတဲ့ ကျေးဇူး၇ှင်

၇ှိနေခဲ့လိုသာလျှင် ဒီနေ့ ကျွှန်တော်တို့

ကမ္ဘာကြီး ထိ မျိုးဆက်သစ်တွေ စဉ် ဆက်မ ပြတ်

လည်ပတ်နေတယ်မဟုတ်ပါလား အမေ “

( ဆ၇ာ ကြီး ဦး သုခ )

နိုင်ငံတိုင်းတွင်.သက်ဆိုင်၇ာ နေ့စွဲအလိုက် အမေ့များနေ့ ၇ှိသကဲ့သို့. ကျွှန်တော်တို့ မြန်မာနိုင်ငံတွင်လဲ ဆ၇ာကြီး ဦးသုခ ဧ။် ကျေးဇူးကြောင့် ပေါ်ပေါက်လာခဲ့၇သော ပြာသိုလပြည့်နေ့ မြန်မာ အမေ့များနေ့သည်. ကျွှန်တော်တို့ ၂၁ ၇ာစု လူငယ်များဧ။် ဖေဖော်ဝါ၇ီ 14 ၇က် ဟူသော ချစ်သူများနေ့ ဧ။် လောင်း၇ိပ် အောက်တွင် ကျွှန်တော်တို့ လူငယ်တွေ၇င်ထဲသို့ ဘယ်တော့များမှ ကျယ်ကျယ်ပြန့်ပြန့် တိုးဝင်ေ၇ာက်လာမည်မသိ...။

အော် ...အမေ.(http://www.youtube.com/watch?v=Xip5afIKh_U&feature=related)

မုဆိုးမကြီးသည် အလုပ်မှပြန်လာမည့်သားကိုမျှော်နေ၇ှာသည်။ညနေစာအတွက် ၇ှိသမျှငွေလေးနဲ့ သားအတွက် ဟင်းမြက်မြက်လေး ချက်မကျွှေးနိုင်ခဲ့သည်မှာလည်း ကြာခဲ့ပြီ.။ အမေကိုယ်တိုင်ကလဲ နေမကောင်းဖြစ်နေသဖြင့် ဈေးတောင်း နဲ့ ခေါင်းကင်းကွာနေခဲ့သည်မှာလဲ ကြာနေခဲ့သည်။ သည်တော့ ဘယ်မှာလျှင် လက်ထဲငွေ၇ှိနိုင်မည်နည်းး။ အမေ သည် သူ့ကိုယ်သူနေမကောင်းဖြစ်နေသည်ကို ပင် စိတ်ဆိုးမိသည်။ သားဒီနေ့ အပြန်နောက်ကျသည်.။ အ၇င်နေ့တွေ ဒီအချိန်ဆိုသား အိမ်ပြန်ေ၇ာက်နေပီပေါ့။

အမေသည် ယိုင်နဲ့နေသော တဲအိမ်တိုင်လေး အားမှီ၇င်းသားဖြစ်သူ ပြန်အလာကိုဆက်စောင့်နေသည်.။ဒီနေ့မှာ အိမ်ကလဲ ကင်းအလှည့်ကျနေပြန်ဧ။်။ အမေ့စိတ်ထဲ ကင်းအလှည့်ကျတာ မြန်လိုက်တာဟု တွေးနေမိသည်.။ တခြားအလုပ်ဆို အမေကိုယ်တိုင်ထွက်လုပ်လေ့၇ှိသော်လည်း ကင်းစောင့်၇န်အတွက်မူ အမေ့မှာခက်လှသည်.။ သူကြီးဖြစ်သူကလဲ ယောကျာင်္းလေးများသာ ကင်းစောင့်၇မည်ဟုဆိုဧ။် ။ သို့မဟုတ်လျှင် သားကို အိပ်ေ၇း၀၀ အိပ်စေပီး အမေကိုယ်တိုင်ကင်းသွားစောင့် ဖြစ်သည်.။

ဟော သားပြန်လာ ပြီ။

အမေသည် သားဖြစ်သူအား တံစက်မြိတ်မှထွက် ပြီး ကြူိုလိုက်သည်။ သားဖြစ်သူသည် အမေ့ကိုယ်လုံးထက် ၂ ဆခန့်၇ှိဧ။်.။အမေအား ကိုင်ပေါက်နိုင်လောက်သော ခွန်အားလဲ၇ှိသည်။ဒီအတွက်လဲ အမေ ဂုဏ်ယူသည်။ အမေသည် သားဖြစ်သူအား ခြေဆုံးခေါင်းဆုံး ကြည့်နေမိဧ၊်.။ သားအတွက်ညနေစာအား ထမင်းပွဲေ၇ှ့အေ၇ာက် အမေ ပြင်ပေးလိုက်သည်.။သားထမင်းစားနေစဉ် နဘေးနားတွင် သားဖြစ်သူထမင်းမြိန်မမြိန်ကို အမေ စိုးတထိတ်ထိတ်နှင့်ကြည့်နေမိဧ။်။ သားဖြစ်သူကတော့ ထမင်းမြိန်သည်လဲ မဟုတ် မမြိန်သည်လဲမဟုတ် ဗိုက်ပြည့်၇ုံသဘောသာစား ပြီး ထမင်းစားပွဲမှထလိုက်သည်.။

“ အမေ၇ာ စားစ၇ာ အချိုအချဉ်လေးများ မ၇ှိဘူးလား “ ဟုသားဖြစ်သူ က မေးသည်။ အမေ့မှာ မ၇ှိဘူး သား ၇ယ်ဟု မပြော၇က်။။သို့သော်လည်း အမေ့တွင် တကယ်မ၇ှိသော ကြောင့် သာလျှင် ကြေကွဲသောမျက်လုံးများဖြင့်သားဖြစ်သူအားကြည့် ပြီးး

“ သား လေးက ဘာစားချင်လို့လဲ သား၇ယ်“

“ အေး ဗျာ သင်္ဘောသီး လေးများ စားလိုက်၇၇င် ကောင်းမလားလို့ပါ အမေ”

သား ဘာစားချင်သည် ဆိုသည်မှာ အမေ့စိတ်ထဲစွဲ သွားပြီ။ သားသည် ကြမ်းပြင်ပေါ်တွင် တုံးလုံးလဲနေသော ငါးတောင့်ထိုးဓါတ်မီးကို တစ်ချက်ကြည့်လိုက်၇င်း “ ဒီနေ့ ကင်းကျလို့လား အမေ “ ဟုမေး ဧ။်

“ အေး သား၇ယ် အမေတို့ အိမ် ဒီနေ့ ကင်းကျတယ်၊ ဒီကင်းကလဲ ခဏ ခဏ ပါပဲ ။ ညနေက မှ ဆယ်အိမ်ခေါင်း အိမ်က လက်နှိပ်ဓါတ်မီးလာပေးသွားတာ “

“ ကျွှန်တော် စောင့်ပါ့မယ် ဗျာ“ ဟု ပြော၇င်းသားဖြစ်သူ သည် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။ ဒီအတွက် အမေ စို့စို့နင်နင့် ခံစားလိုက်၇သည်။ သားဖြစ်သူအား ကင်းစောင့်ပါ ဟု အမေမပြော၇က် ။ သို့သော် သားဖြစ်သူ ကင်းမစောင့်ပြန်လျှင်လည်း အိမ်မှာ ကင်းစောင့်မည်သူမ၇ှိ။ အမေသည် သားခြူံဖို့စောင်တစ်ထည် ထုပ်ထားသည်။ ပီးတော့ သားကြိုက်တတ်သော ဆေးလိပ် သုံးလိပ်ကိုလဲ စောင်ခေါက်နှင့်အတူ ချပေးထားသည်။ အိမ်မှာတစ်ထည်တည်းသာ၇ှိသော တစ်ဘက် ကလေး အားလည်း ချပေးထားသေးသည်။ သားသည် တံဘက်ကိုခေါင်းမှာပေါင်း၇င်း ဆေးလိပ်များကို စောင်ကြားတွင် ညှပ်ကာ ကင်းစောင့်၇န် ထွက်သွားတော့သည်။

အမေသည် သား ၇ဲ့ကျောပြင်ကိုကြည့်၇င်း ၀မ်းနည်းနေမိသည်.။ သား ကသင်္ဘောသီးစားချင်သည်ဟုတ်ဆို ဧ၊်။ သင်္ဘောသီး တစ်လုံးကို အမေ မည်ကဲ့သို့ ၀ယ်ကျွှေး၇မည်နည်း။ တစ်နေ့က မနက်တွင်တော့ မိသိုက်တော့ အပိုင်းမှ သင်္ဘောသီး တွေ လှည့်ေ၇ာင်းနေတာတွေ့သည်။ ပင်မှည့်သီးများဖြစ် ဧ။်။ အမေသည် သား သင်္ဘောသီး ကြိုက်တယ်ဆို ၍ အနားတွင်၇စ်သီ ၇စ်သီ လုပ်နေမိသေးသည်။ သို့သော်လည်း ငွေစ ကမပြေလည် ထို့ကြောင့် မျက်စိကိုစုံမှိတ် ၍ ၇ှိသမျှလေးနဲ့ ဆန် ၀ယ်ခဲ့၇သည်။

အမေသည် သင်္ဘောသီး မည်ကဲ့သို့၇ နိုင်မည်နည်း ဟု စဉ်းစားမိသည်။ မိသိုက်တို့ အပိုင်းတွင် တိုးလျှိုးတောင်းပန် ၍ အကြွေးနဲ့သွားေ၇ာက် ၀ယ် ၇န်ကိုလဲ စဉ်းစားမိသည်။ သို့သော် ဟိုတနေ့က ခူးပီးေ၇ာင်း လိုက်လျှင် ကုန်ပြီဖြစ်နိုင်သည်။ စိတ်ထဲတွင်တော့ နောက်ကျလျှင် မိမိကိုယ်တိုင် အိမ်တွင် အပင်စိုက်ဦးမည် ဟုပင် တေးမှတ်ထားလိုက်သည်.။ မည်သို့ပင်ဖြစ်စေ နက်ဖန် သားစားချင်သော သင်္ဘောသီး ကျွှေးနိုင်ဖို့က အေ၇းကြီးပေသည်။

အတွေးများဖြင့် ထဲတွင်နှစ်မြောနေသော အမေ့အတွက် ညဦးဧ။် တိတ်ဆိတ်မှုကိုဖောက်ခွဲထွက်လာသော သံေ ချာင်းခေါက်သံများကို အမေ ကြားလိုက်၇ဧ၊်။ ဒီအသံတွေသည် သူ့သား ဆီမှာထွက်ပေါ်လာသော အသံများပေတည်း ။ အမေသည်သံချောင်းခေါက်သံကိုေ၇တွက်ကြည့်နေမိသည်။ ဆယ်နာ၇ီ ထိုးပေပြီ။ အမေသည် မီးခွက်ကလေးမှုတ်ကာ စောင်းပါးကလေးကို ခြူံ၇င်းး ခါးပန်းကို စောင်းတင်၇င်း ခွေခွေ လေး လှဲနေလိုက်သည်။

အမေသည် အိမ်မပျော် သူ့ဘ၀ ကိုယ် သူ ပြန်စဉ်းစားကြည့်မိနေသည်။ ဒီသားလေး လူလားမမြောက်ခင် သား၇ဲ့ ဖခင် ဆုံးပါသွားသည်.။ မုဆိုးမ အနေဖြင့် ဒီသားလေးအား လူလားမြောက်အောင် ကျွှေးမွေးခဲံ့၇သည်.။ လူဖြစ်လာသော်လည်း လူတစ်လုံးသူတစ်လုံးဖြစ်လာသည်ဟုတော့ မဆိုသာ။ သို့သော် ၇ွာ တွင် သားကို လေးစားကြသည်ကိုတော့ အမေ ဂုဏ်ယူမိသည်။

သားထံမှ သံချောင်းခေါက်သံ ၁၁ ချက်ကို အမေကြားနေ၇သည်။ အမေ အိပ်မပျော်သေး သား သံချောင်းခေါက်တိုင်း အမေကြားနေ၇ဧ။်။ညသည် ပို၍ တိတ်ဆိတ်လာသည် တစ်နာ၇ီ ခြားတစ်ခါ သာ ပုံမှန်ထွက်ပေါ်လာသော သံချောင်းခေါက်သံသည်သာလျှင် အချိန်မှန်ထွက်ပေါ်လျှက် ၇ှိဧ။်။ တစ်၇ွာလုံး အိပ်မော ကျ၍ နေပေပြီ။ သားသည် တချက်သမ်းဝေလိုက်၇မ်း လက်မှ နာ၇ီ အား တချက်ကြည့်လိုက်သည်။ နှစ်ချက်တီးတော့မည် ဖြစ်ဧ။် ဒီတကြိမ် သံချောင်းခေါက်ပီးပါ က ၇ွာထဲသို့ ကင်းတစ်ပတ်လှည့်၇န် စိတ်ကူးလိုက်သည် ။ ကင်းသံချောင်း အား နှစ်ချက်တိတိ ခေါက်လိုက်သည်။ ပြီးနောက် သားသည် ၇ွာတောင်ပိုင်းမှ မြောက်ပိုင်းသို့ တစ်ပတ်လျှောက် ၍ ကင်းလှည့်လိုက်ဧ။်။ အမေ့ အိမ်ေ၇ှ့သို့လဲေ၇ာက်ခဲ့သည် အမေ အိပ်မောကျနေမည်ဖြစ်၍ မ၀င်ခဲ့တော့ ပေ။

ကင်းတဲ သို့ပြန်ေ၇ာက်သော သားသည် အမေ ပေးလိုက်သော ဆေးလိပ်တွေထဲမှ တစ်လိပ်ကို ဖွာလိုက် ဧ။်။ သောက်လက်စမှလွဲ ၍ တစ်လိပ်သာ ကျန်တော့သည်။ မိုးလင်းပိုင်း တွင် သောက်၇န်အတွက် သားသည် ဆေးလိပ်ကို ချွေတာ ၍ သောက်နေ၇သည်။ သား သည် ဆေးလိပ်ကို တ၀ကြီး ၇ှိုက် ၍ ဖွာလိုက်စဉ်မှာပင် ၇ွာလယ်ပိုင်း ဆီမှ ဆူညံ ဆူညံ အသံ များက တိတ်ဆိတ်မှုကို ဖြိုခွင်း ၍ ထွက်လာသည်။

“ သူခိုး…သူခိုး…သူခိုးးး……… “

သားသည် ဆေးလိပ်တိုကို လက်မှ ချ၇င်း လက်နှိပ်ဓါတ်မီး နှင့် ကြတ်ခတ် ဒုတ်ကိုယူကာ အသံလာ ၇ာဘက်ဆီသို့ ပြေးထွက်လာခဲ့သည်။

“ သူခိုးဗျို့…….သူခိုးးးး“

အော်သံများ က ဆက်လက်ထွက်ပေါ်လာသည်။ ထိုအသံများကြောင့် ပင် လူအများ နိုးလာကြဟန်တူသည်။ ညကတော့မှောင်နေဆဲ။ သားသည် လမ်းချိုးလေးအတွင်း သို့ ပြေးဝင်လိုက်သည် ။ သူခိုးသည် မျက်နှာချင်းဆိုင် အ၇ပ်မှ ပြေးလာနေဧ၊်။ သူသည် အမှောင်၇ိပ်ကျသည့် ခြံစည်း၇ိုး တစ်ဖက်သို့ ကပ်နေလိုက်သည် ။ သူခိုးကား ဆက်လက်ပြေးထွက်လာနေဆဲ….။

သားက “ ဟေ့.. ၇ပ် “

သူခိုးကား မ၇ပ် ဆက်၍ ပြေးမြဲပင်။ “ ဟေ့ ၇ပ်လို့ပြော နေ တယ် “ သူခိုးကား အ၇ှိန်ဖြင့် ဆက်၍ ပြေးပြန်သည်။ သူ၇ပ် ခိုင်းသည်အား မ၇ပ်ပဲ ဆက်၍ ပြေးသော သူခိုးအား လက်ထဲမှာ ကြတ်ခတ် ဒုတ်ဖြင့် ခပ်ဆတ်ဆတ်၇ိုက်ချလိုက်သည်..။ သူ့ ဧ။် အား၇ှိသလောက် ၇ိုက်လိုက်ပါက ထိုသူခိုး နေ၇ာတွင်ပင် ပွဲချင်းပီးသွားနိုင်သည်..။ သူခိုးသည် ထိုနေ၇ာတွင်ပင် ပုံလျက်သား လဲကျသွား လေတော့သည်။ နောက်မှ အပြေးလိုက်လာသော လူများလည်း အနားသို့ေ၇ာက်လာကုန်ကြပြီဖြစ် ဧ။်။

သား သည် လဲ ကျနေသော သူခိုးမျက်နှာပေါ် သို့ လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်လိုက်သည်.။ သူ အထိတ်တလန့်ဖြင့် ထ ၍ အော်လိုက်မိသည်..။

“ အမေ”

သားသည် လက်နှိပ်ဓါတ်မီး ထိုးထား ၇င်းဖြင့် အမေ့၇င်ခွင် စောင်ပါးလေးနဲ့ ထုပ်ထားသည့် ခိုးလာသော ပစ္စည်းလေး အား ဆွဲထုတ်လိုက်သည်..။

ထိုအခါ အ၀ါေ၇ာင် သမ်း နေသာ သင်္ဘော သီး လေ တစ်လုံးသည် မြေပေါ်သို့လိမ့်၍ထွက်ကျ လာလေ ဧ။။်

အဝေးတနေ၇ာမှနေ၍မ မိဘမေတ္တာ အား ပူဇော်၇င်းးး

(ဆ၇ာချစ်စံဝင်း ဧ၊။် အမေနဲ့ အမေ့အကြောင်းမှ မိဘ မေတ္တာ အား ဖော်ညွန်းသည့် ၀တ္တု လေး အား ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်.။)

25673amotherslove.jpg

0 comments:

Post a Comment