ဟိုးမကြာလှသေးတဲ့ ကာလတစ်ခုတုန်းကပေါ့ဗျာ…
ရှမ်းပြည်နယ်က လက်ဖက်စိုက်တဲ့ ပလောင်ရွာလေးတစ်ရွာကို တစ်ပွင့် နဲ့တစ်ခက် တိတိ
ပိုင်ဆိုင်တဲ့ လူကြီးမင်းက သွားရောက်ပြီး သြ၀ါဒ မြွတ်ကြားဖို့ချီတက်သွားတယ်ဆိုလားပဲ။
အဲ..ရွာလည်းရောက်ရောအသင့်စောင့်နေတဲ့ သူကြီးနှင့်တကွ ပလောင်ရွာသားအပေါင်းတို့
ကို မိန့်ခွန်းတွေချွေပါတယ်…။နိုင်ငံတော် ရှေ့ဆက်ချီတက်မယ့် လမ်းစဉ်များနဲ့ ပတ်သက်ပြီး
ရှင်းပြပါတယ်။….
နောက် ရွာကကျွေးတာစားပြီး ပြောစရာမရှိတော့တာနဲ့ ရှာကြံပြီးဆရာကြီးလုပ်မယ်ပေါ့..။
မေး။ ။ခင်ဗျားတို့ ရွာမှာလက်ဖက်ခင်းတွေက တော်တော်အောင်မြင်တယ်ပဲ….။
ဖြေ။ ။ဟုတ်ကဲ့ခင်ဗျ….။
မေး။ ။ဒါနဲ့ … အချိုခြောက်(ကျွန်တော်တို့နေ့စဉ်သောက်တဲ့ လက်ဖက်ရည်)လုပ်တာနဲ့ အခါး
ခြောက်(ရေနွေးကြမ်း)လုပ်တာ ဘယ်ဟာပိုပြီး စီးပွားရေးအရ တွက်ခြေကိုက်လဲ….။
ဖြေ။ ။ဟုတ်ကဲ့ခင်ဗျ…။အချိုခြောက်က ပိုပြီး ၀င်ငွေကောင်းပါတယ်ခင်ဗျ….။
အဲဒီလို လူကြီးမင်းက မေး၊ရွာသူကြီးက ဖြေတော့ နောက်ဆုံး လူကြီးမင်းရဲ့ လမ်းညွှန် စကား
ကြောင့် ရွာခံတိုင်းရင်းသား ပလောင်တွေ ပါးစပ်အဟောင်းသား နဲ့ ဘာပြန်ပြောရမယ်မသိပဲ
ဖြစ်သွားကြတယ်ဆိုပဲ….။အဲဒါကတော့ ….
“အေးဗျာ…ဒါဆိုလည်း… အခါးပင်ကို လျော့စိုက်ပြီး အချိုပင်ကို ပိုစိုက်ကြပေါ့”….တဲ့။
(မှတ်ချက်။ ။လက်ဖက်ပင်တစ်မျိုးသာရှိပါသည်။အချိုပင်၊အခါးပင်ဆိုပြီးမရှိပါ။အပင်မှခူးပြီးရ
သည့် လက်ဖက်ရွက်ကိုသာ သင့်သလိုစီရင်ပြီးအချိုခြောက်၊အခါးခြောက် နှင့်စားရန်နှပ်သည့်
လက်ဖက်ဆီစိမ် တို့ကို လုပ်ပါသည်။)
0 comments:
Post a Comment