ဒီဟာသလေးကတော့ ကြားဖူးတာမကြာသေးဘူးဗျ..။ဝေလေးကတော့ ကြားဖူး(အဲလေ..)ဖတ်ဖူး
ပြီးသားပါ…။

တစ်ခါတုန်းက မြစ်ကမ်းနဘေးရွာလေးတစ်ရွာရှိတယ်တဲ့..။အဲ..မြစ်ကမ်းနှဘေးဆိုတော့
မြစ်ဆိပ်လည်းရှိတာပေါ့နော်….။တစ်နေ့ကျတော့ အဲဒီရွာလေးကို တစ်ခြားဒေသက ဧည့်သည်
တွေရောက်လာကြပြီး ဟိုဖက်မြစ်တစ်ဖက်ကမ်းကရွာလေးဆီကိုသွားချင်တယ်ဆိုပြီး မြစ်ဆိပ်
ကိုဆင်းလာကြရောတဲ့…။မြစ်ဆိပ်ကိုရောက်တော့ ဟိုမေး..ဒီမေးနဲ့…၊နောက်ဆုံးတော့ ကုလား
ကြီးတစ်ယောက်လှော်တဲ့ လှေနဲ့ဈေးတည့်ကြတယ်ပဲဆိုပါစို့…။ဒီလိုနဲ့ လှေပေါ်ကိုအထုပ်အပိုးတွေ
တင်၊ပြီးတော့ လူတွေ တက်ကြပြီးနောက် လှေက ကမ်းကခွာရောပေါ့…။

အဲ..လှေလည်းကမ်းကခွာရောရေတွေက လှေထဲကို တစ်စိမ့်စိမ့်နဲ့ဝင်လောရော..တဲ့။ဒီတော့
လှေပေါ်ပါတဲ့ ခရီးသည်တွေကလည်း လန့်တော့ ကုလားကြီးကိုပြောတယ်…။

မေး။ ။”ဟဲ့..ကုလားကြီး..နင့်လှေကကောင်းရဲ့လား..ဒီမှာရေတွေ စိမ့်ဝင်နေပြီ…။”

ဖြေ။ ။”အား..အမားကြီး..ကုလားနော်..လှေကျွမ်းကျွမ်းလှော်တယ်…။စိတ်ချနော်…
ကိစ်ချ(ကိစ္စ)မရှိဘူး..အမားကြီး..။”

နောက်လှေကကမ်းနဲ့တော်တော်လှမ်းတဲ့နေရာကိုရောက်လာပြန်တော့ခရီးသည်တွေကထပ်မေးတယ်

မေး။ ။”ဟဲ့..ကုလားရေ..နင့်လှေက ဟုတ်ကောဟုတ်သေးရဲ့လား…။ကြည့်စမ်းရေတွေက ခြေမျက်စိ
ရောက်နေပြီ..။”

ဖြေ။ ။”အမားကြီးတို့ရယ်…ကုလားကို စိတ်ချနော်…။ကိစ်ချ မရှိဘူး..အားလုံးအဆင်ပြေသွားမယ်..။”

ခရီးသည်တွေလည်း ကြောက်ကြောက်၊ကြောက်ကြောက်နဲ့ဆက်စီးလာလိုက်ကြတာ..မြစ်လယ်ခေါင်
လည်းရောက်ရော အခြေအနေက လုံးဝမကောင်းဘူးဆိုရလောက်အောင် ခြေသလုံးသားထိကို
ရေတွေ ၀င်လာပြီဆိုတော့ ခရီးသည်တွေက ကုလားကြီးကိုလှည့်မေးတယ်..။

မေး။ ။”ဟဲ့..ကုလား…နင်ကသာ ဘာမှမဖြစ်ဘူး..ကိစ္စမရှိဘူးတို့ပြောနေတာ..ဒီထဲမှာရေကခြေသလုံး
မြုပ်တော့မယ်…။”

ဖြေ။ ။”အဘားဘား…အမကြီးနော်..ရေက ခြေသလုံးရောက်ပြီလား….။ဒီလိုဆိုရင်တော့ကိစ္စရှိပြီ..အမ
ကြီးတို့ရေ…ကုလားသွားဘီနော်…။”

ဒီလိုပြောပြီးတာနဲ့ ကုလားကြီးလည်း ရေထဲဒိုင်ဗင်ထိုးဆင်းသွားရောတဲ့…။

မှတ်ချက် ။။အဖြစ်မှန်ကိုလက်မခံပဲဇွတ်အတင်းကိုမဖြစ်နိုင်ပဲ၊အရှိတရားနဲ့ ကင်းကွာအောင်လုပ်မယ်ဆိုရင်
နောက်ဆုံးတစ်နေ့တော့ကိစ္စရှိလာပြီး တိုင်းပြည်ဆိုတဲ့ လှေလည်းမြုပ်၊ပြည်သူဆိုတဲ့ခရီးသည်တွေလည်း
ဒုက္ခရောက်ရမှာကိုပါပဲ…။