မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင်များနဲ့ အဆိုတော်များကို နည်းနည်းလောက် အကြံပေးချင်ပါတယ် အနုပညာရှင်တွေဆိုတာ လူတွေရဲ့မျက်စိကိုကော စိတ်ကိုကော ဖျော်ဖြေပေးရတဲ့သူတွေပါ ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့
အဆိုတော်တွေက လူတွေ အမြဲစောင့်ကြည့်မြင်နေရတာ ခုခေတ်က ထဘီဝတ်ရင် ခေတ်မမှီဘူးလို့
ယူဆသလားမသိပါဘူး အဆိုတော်ကော သရုပ်ဆောင်မင်းသမီးများပါ အပြင်ထွက်လိုက်တိုင်း နိုင်ငံခြားလိုမျိုး စကတ်
ဂါဝန် ဘောင်းဘီတို့ကို မျိုးစုံဝတ်ကြတယ် ဟုတ်ပါပြီ ခေတ်က ပြောင်းလဲတာမို့
အဲဒါတွေဝတ်ရင် ခေတ်မှီတယ် ထားပါတော့ ( ကိုယ်တားလို့လဲ
နားထောင်မှာမဟုတ်တော့ ) ဝတ်ကြပါ ဒါပေမယ့်
လှအောင် ဝတ်ကြပါ ဈေးကြီးပေးတိုင်းကောင်းတယ်လို့ သတ်မှတ်တဲ့သူက သတ်မှတ်ပေမယ့်
လှမှလဲ ကြည့်ချင်စရာဖြစ်မှာပါ
မြန်မာနိုင်ငံက မင်းသားမင်းသမီးများ အဆိုတော်များက နည်းနည်း နာမည်ရလာရင် အဆီတွေတက်ပြီး ဝလာကြတယ် ဝတ်တော့ နိုင်ငံခြားကလူတွေလို ဝတ်ကြတယ် ဟောလိဝုဒ်က
မင်းသားမင်းသမီးတွေ အဆိုတော်တွေကို သိနေကြတာပဲ မင်းသားဆိုလဲ ဘယ်လောက် အသက်ကြီးကြီး
ပုံပျက်နေတာမရှိဘူး မင်းသမီးကော အဆိုတော်တွေကော မျက်နှာကြည့်ရင်သာ အဘွားကြီးပုံ
အဘိုးကြီးပုံဖြစ်နေတာ နောက်ကကြည့်ရင်တော့ လူငယ်အတိုင်းပါပဲ သူတို့ရဲ့ ကိုယ်လုံးကို
ထိန်းကြတယ် သူတို့ရဲ့ဝတ်စုံကို သူတို့ဝတ်တာတောင် လိုက်ဖက်အောင် နေကြတယ်
ခု ခေတ်စားနေတဲ့ ကိုးရီးယားမင်းသားမင်းသမီးတွေ အဆိုတော်တွေကော ကြည့်လိုက်ဦး ဒီလိုပဲ အဘွားကြီးတွေများ အပျိုလေးတွေကျနေတာပဲ ဗိုက်ကမပူပဲ ချပ်ချပ်ရပ်ရပ် ဝတ်ထားကြတယ် ကြည့်ရတာ အဆင်ပြေတယ် မင်းသမီးဆိုရင်တော့
ပြောစရာမလိုတော့ဘူး မင်းသားတွေဆိုရင်လဲ သူတို့ရဲ့ဘော်ဒီကို
တော်တော်ထိန်းကြကျင့်ကြတယ် ကိုးရီးယားမင်းသား အဆိုတော် လူငယ်လေးတွေ သီချင်းဆိုနေတာ
ကနေတာကြည့်ရင် အခြောက်တွေလို့ ထင်ရတယ် ဒါပေမယ့် သူတို့ဘော်ဒီတွေကို သန်မာအောင် တော်တော်လေ့ကျင့်ထားကြတယ်
ဒီက မင်းသားတွေတော့ ဗိုက်ကပူလာ မျက်နှာက ဖောလာနဲ့ ကြည့်ရတာအဆင်မပြေဘူး အရင်ခေတ်က မင်းသမီး မင်းသားတွေ ဝ တာကို ပြောလို့မရဘူး အဲဒီတုန်းက ထဘီတွေ ပုဆိုးတွေဝတ်တဲ့ခေတ် အဲဒီဝတ်စုံက ဝ မှ
ဝတ်လို့လှတာလေ နိုင်ငံခြားက
မင်းသမီးကို ထဘီသွားဝတ်ပေးကြည့်ပါလား ပိန်ကပ်ကပ် ဂလန်ဂလားနဲ့ အတော်ကြည့်ရဆိုးမှာပဲ
ဒါပေမယ့် သူတို့က ထဘီကို လိုက်ဝတ်စရာမလိုဘူးလေ မြန်မာကသာ ထဘီဝတ်လိုက်
စကတ်ဝတ်လိုက် လုပ်နေရတာ ဒီတော့ ထဘီဝတ်ရင်လဲ အဆင်ပြေအောင် စကတ်ဝတ်ရင်လဲ အဆင်ပြေအောင်
ဘော်ဒီကို ထိန်းစေချင်တယ် ခုတော့ မင်းသမီးတွေက ဝတုတ်ပြီး ဝတ်လာတော့ ပေါင်တို ဒီတော့ပြောချင်တာက
အနုပညာသည်မို့ သရုပ်ဆောင်ပညာ အဆိုပညာကသာ အဓိကလို့ ပြောလို့ရပေမယ့် လူတွေရဲ့မျက်စိကို
ကြည့်ရတာ အဆင်ပြေအောင် ဝတ်ကြပါ ကိုယ်ရဲ့ကိုယ်ခန္ဓာကို အရင်းပြုပြီး လုပ်ရတဲ့အလုပ်ဖြစ်နေတယ် ပြီးတော့ ပုံစံမျိုးစုံ ဝတ်ပြနေကြတာလေ အရပ်ထဲကလူတွေလဲ
ဒီိလိုပဲဝတ်နေတာလို့ ပြောချင်စရာပါပဲ အရပ်ထဲကလူတွေဝတ်တာ
သူတို့က သူတို့ရဲ့ပတ်ဝန်းကျင်ပဲမြင်ရတာ တစ်နိုင်ငံလုံးမမြင်ရဘူး လူတွေကို
စိတ်ကြည်နူးအောင် ဖျော်ဖြေရတာမဟုတ်ဘူး
အနုပညာရှင်များကတော့ တစ်နိုင်ငံလုံးက မြင်နေရတာပါ အသက်ငယ်တဲ့သူကလဲ အသက်နဲ့မလိုက် ဝနေကြတာ မပြင်ကြဘူး လူတွေက
သိပ်မဝပေမယ့်လဲ ဗိုက်တွေပူနေတာ
ဗိုက်ချပ်လေ့ကျင့်ခန်းပဲလုပ်စရာလိုတာ သိပ်မကျင့်ရပါဘူး အသက်ကြီးတဲ့သူတွေကလဲ
ထဘီပဲဝတ်နေတာဆို ထားလိုက်တော့ အသက်ကကြီးပေမယ့် စကတ်တွေဝတ်လိုက် ဘောင်းဘီတွေဝတ်လိုက်
ဝတ်နေတာလေ လူတွေရဲ့ မျက်စိပသာဒဖြစ်အောင် ဝတ်တဲ့အဝတ်အစားနဲ့လိုက်ဖက်အောင်
ဘော်ဒီကို ကျင့်ကြပါ ဒါမှ ဝတ်ချင်တာကိုဝတ်ရတာလဲ အဆင်ပြေ ကြည့်ရတဲ့လူတွေလဲ မျက်စိထဲ
အဆင်ပြေတာပေါ့နော် အနုပညာရှင်များအားလုံး
ဘာပဲဝတ်ဝတ် လှနေကြပါစေ။
0 comments:
Post a Comment